ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
ဟေဗြဲ 7:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။ Common Language Bible သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။- Garrad Bible ထို သို့ သန် ရှင်း လျက်၊ ရိုး သား လျက်၊ စင် ကြယ် လျက်၊ အ ပြစ် သား တို့ နှင့် သန့် ခြား၍ ကောင်း ကင် အ ထပ် ထပ် ကို လွန် သော ပ ရော ဟိတ် မင်း သည် ငါ တို့ နှင့် သင့် လျော် ပေ၏။ Judson Bible ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။ |
ထိုသို့မေးရခြင်းမှာ ဂျူးဘာသာရေးခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
ပိလတ်မင်းက “သူသည် မည်သို့သောပြစ်မှုကို ကျူးလွန်သနည်း။ သေဒဏ်ပေးရမည့်ပြစ်မှုကို သူ့ထံတွင် ငါမတွေ့ရပါ။ ထို့ကြောင့် သူ့အား ငါကြိမ်ဒဏ်ပေး၍ လွှတ်လိုက်မည်” ဟု တတိယအကြိမ်ဆိုလေ၏။
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
ဤအဖြစ်အပျက်ကို ရောမတပ်မှူးသည် မြင်တွေ့သောအခါ “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူ ဖြစ်သည်” ဟု ဆိုကာ ဘုရားသခင်ကိုချီးမွမ်းလေ၏။
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
သင်တို့သည် သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုကြ၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
ကျွန်ုပ်တို့ ပြောဆိုနေသော အဓိကအချက်မှာ ထိုသို့သောယဇ်ပုရောဟိတ်မင်းတစ်ဦးသည် ကျွန်ုပ်တို့၌ရှိ၏။ ထိုယဇ်ပုရောဟိတ်သည် ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ ရာဇပလ္လင်လက်ယာတော်ဘက်၌ ထိုင်တော်မူပြီး
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။