Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 16:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ယေရှု​သည် တပည့်တော်တို့​ကို ထိုသို့​မိန့်တော်မူပြီး​သောအခါ ကောင်းကင်​သို့ ဆောင်ယူခြင်း​ကို​ခံတော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်ဘက်​၌ ထိုင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ ရှင် ယေ ရှု သည် ထို သို့ မိန့် တော် မူ ပြီး မှ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ကို ခံ၍ ဘု ရား သ ခင့် ယာ ဘက် တော်၌ စံ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 ထို​သို့ သ​ခင်​ဘု​ရား​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 16:19
37 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်တို့​သည်လည်း အရပ်ရပ်​သို့ သွား​၍ တရားတော်​ကို ဟောပြောကြ၏။ သခင်ဘုရား​သည်လည်း သူတို့​နှင့်အတူ လုပ်ဆောင်တော်မူ၏။ သူတို့​ဟောပြောသော​တရားတော် မှန်ကန်ကြောင်း​ကိုလည်း နိမိတ်​လက္ခဏာများ​ဖြင့် သက်သေပြတော်မူ၏။ ရှင်မာကု​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


သို့သော် ယခု​မှစ၍ လူသား​သည် တန်ခိုးရှင်​ဘုရားသခင်​၏​လက်ယာတော်ဘက်​တွင် ထိုင်တော်မူ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ကို ခံတော်မူသော​နေ့ရက် နီးတော်မူ​သောအခါ ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ​ရန် စိတ်ပိုင်းဖြတ်​လျက်


ထို​အချိန်​သည် ပသခါပွဲတော်​မတိုင်မီ​တစ်ရက် ဖြစ်၏။ ယေရှု​သည် ဤ​လောက​မှ ထွက်ခွာ​၍ မိမိ​၏​ခမည်းတော်​ထံသို့ ပြန်ကြွတော်မူ​ရမည့် အချိန်​ရောက်ပြီ​ဖြစ်ကြောင်း​ကို သိတော်မူ၏။ ကိုယ်တော်​သည် ဤ​လောက​၌ ရှိသော မိမိ​တပည့်တို့​ကို ချစ်တော်မူ၏။ သူတို့​ကို အဆုံး​တိုင်အောင် ချစ်တော်မူ၏။


ငါ​သည် ခမည်းတော်​ထံမှ ဤ​လောက​သို့ လာခဲ့၏။ ယခု ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ ငါ​ပြန်မည်” ဟု မိန့်တော်မူ၏။


ယခု​အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ လာပါတော့မည်။ သူတို့​သည် အကျွန်ုပ်​၏​ဝမ်းမြောက်ခြင်း​ကို အပြည့်အဝ​ခံစားကြရ​စေရန် အကျွန်ုပ်​သည် ဤ​လောက​တွင် သူတို့​နှင့်အတူ ရှိနေ​စဉ် ဤ​အကြောင်းအရာများ​ကို ပြောပါ၏။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


နံနက်စာ​စားသောက်ကြ​ပြီးနောက် ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… အခြား​တပည့်တော်များ ငါ့​ကို ချစ်သည်​ထက် သင်​သည် ငါ့​ကို ပို​၍ ချစ်သလော” ဟု ရှိမုန်​ပေတရု​ကို မေးတော်မူ၏။ ပေတရု​က “ချစ်ပါ၏ သခင်။ အကျွန်ုပ်​သည် သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။


ယေရှု​က “ငါ​ပြန်လာသည့်​အချိန်​တိုင်အောင် သူ့​ကို ငါ​အသက်ရှင်​စေလို​လျှင် သင်​နှင့် မည်သို့​ဆိုင်သနည်း။ သင်​ကမူ ငါ့​နောက်သို့​သာ လိုက်လော့” ဟု မိန့်တော်မူ၏။


သို့ဖြစ်လျှင် လူသား​သည် ကောင်းကင်​သို့ တစ်ဖန် တက်ကြွသည်​ကို သင်တို့ မြင်ရ​ပါက မည်သို့​ထင်မှတ်ကြမည်နည်း။


ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာတော်ဘက်​၌ ချီးမြှောက်တော်မူခြင်း​ခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကို အဖဘုရား​ထံမှ ခံယူသည်​နှင့်အညီ၊ ထို​သခင်​သည် သင်တို့​မြင်တွေ့ကြားသိသည့်​အတိုင်း ဤ​သန့်ရှင်းသော​ဝိညာဉ်တော်​ကို သွန်းလောင်းတော်မူပြီ။


ရှေးအခါ​ကပင် သန့်ရှင်းသော​ပရောဖက်များ​အားဖြင့် ဘုရားသခင်​မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့​ကို ပြန်လည်​အသစ်​ပြုပြင်မည့်​အချိန်​အထိ ထို​အရှင်​သည် ကောင်းကင်ဘုံ​တွင် ရှိတော်မူမည်။


သို့ဖြစ်၍ မည်သူ​သည် ကျွန်ုပ်တို့​ကို အပြစ်​စီရင်မည်နည်း။ ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် အသေခံတော်မူသည်​သာမက ရှင်ပြန်​ထမြောက်တော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကျွန်ုပ်တို့​အတွက် ကြားဝင်​အသနားခံတော်မူ၏။


သင်တို့​သည် ခရစ်တော်​နှင့်​အတူ ထမြောက်ပြီ​ဖြစ်၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူသည့် ခရစ်တော်​တည်ရှိရာ အထက်​အရပ်​၌ ရှိသော အရာများ​ကို တောင့်တကြလော့။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


ကျွန်ုပ်တို့​အတွက် ကောင်းကင်ဘုံ​သို့ တက်ကြွသွားသည့် ကြီးမြတ်သော​ယဇ်ပုရောဟိတ်မင်း​ရှိ၏။ သူ​သည် ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည်လည်း မိမိတို့​ယုံကြည်​၍ အသိမှတ်ပြု​ဝန်ခံခဲ့သော အရာ​ကို စွဲကိုင်ကြကုန်စို့။


ယေရှု​ခရစ်တော်​သည် မေလခိဇေဒက်​နည်းတူ ထာဝရ​ယဇ်ပုရောဟိတ်မင်း​ဖြစ်လာ၏။ ကိုယ်တော်​သည် ရှေ့ပြေး​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကိုယ်စား အသန့်ရှင်းဆုံး​ဌာနတော်​ထဲသို့ ဝင်ရောက်တော်မူ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။


ကျွန်ုပ်တို့ ပြောဆိုနေသော အဓိက​အချက်​မှာ ထိုသို့သော​ယဇ်ပုရောဟိတ်မင်း​တစ်ဦး​သည် ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ယဇ်ပုရောဟိတ်​သည် ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ ရာဇပလ္လင်​လက်ယာတော်​ဘက်​၌ ထိုင်တော်မူပြီး


ခရစ်တော်​သည် စစ်မှန်သော​အရာ​၏ ပုံတူ​သာ​ဖြစ်သည့် လူတို့​လက်​ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာ​ဌာနတော်​ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့​ကိုယ်စား ဘုရားသခင်​ရှေ့တော်​၌ ထင်ရှား​ရန် ကောင်းကင်ဘုံ​သို့ ဝင်တော်မူ၏။


ခရစ်တော်​သည် ကောင်းကင်ဘုံ​သို့ တက်ကြွတော်မူ​ပြီး ဘုရားသခင်​၏​လက်ယာတော်​ဘက်​၌ ထိုင်​လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များ​ကို အုပ်စိုးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ