Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 23:41 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 ငါတို့​သည် အမှန်​ပင် ကိုယ့်​ပြစ်မှုများ​အတိုင်း ထိုက်သင့်သည့်​ပြစ်ဒဏ်​ကို တရား​စွာ​ခံရကြ၏။ သို့သော် ဤ​သူ​သည် မည်သည့်​ပြစ်မှု​ကို​မျှ မကျူးလွန်ပါ” ဟု ပြောဆို​ဆုံးမ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 ထိုက် သင့် ရာ ဒဏ် ကို တ ရား အ တိုင်း ခံ ရ ကြ ပြီ။ ဤ အ ရှင် မူ ကား မ သင့် မ လျော် ပြု ဘူး သည် မ ဟုတ် ဟု ဆို ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

41 ငါ​တို့​သည် ကိုယ်​ပြု​မိ​သော​အ​ပြစ်​နှင့်​အ​လျောက် ခံ​ရ​သည်​ဖြစ်၍ တ​ရား​သ​ဖြင့် ခံ​ရ​ကြ၏။ ဤ​သူ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ မ​ပြု​ဟု​ဆို​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:41
19 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။


ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။


“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


သို့ရာတွင် အခြားသော​ရာဇဝတ်သား​က ထို​သူ​အား “သင်​သည် သူ​နှင့်​တူညီသော​ပြစ်ဒဏ် ခံရ​လျက်​ပင် ဘုရားသခင်​ကို မကြောက်သလော။


ထို့နောက် ယေရှု​အား “အရှင်​ယေရှု… ကိုယ်တော်​၏​နိုင်ငံတော်​ထဲသို့ ဝင်တော်မူ​သောအခါ အကျွန်ုပ်​ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။


ယုံကြည်သော သင်တို့​နှင့် ဆက်ဆံ​ရာတွင် ကျွန်ုပ်တို့​သည် မည်သို့​သန့်ရှင်း ဖြောင့်မတ်​ပြီး အပြစ်ဆိုဖွယ်​မရှိသူများ​ဖြစ်ကြောင်း​ကို သင်တို့​နှင့် ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ သက်သေများ​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​ကို နာခံကြလော့။ မာရ်နတ်​ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူ​သည် သင်တို့​ထံမှ ထွက်ပြေးသွား​လိမ့်မည်။


အပြစ်​အနာဆာ​နှင့် အစွန်းအထင်း​ကင်းသည့် သိုးသငယ်​ကဲ့သို့သော ခရစ်တော်​၏ အဖိုးတန်​သည့် အသွေးတော်​ဖြင့် ရွေးနုတ်တော်မူ၏။


ပုတ်ခတ်​ပြောဆို​ခံရ​သောအခါ ပြန်​၍​မတုံ့ပြန်။ ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ လက်စားချေမည်​ဟု ခြိမ်းခြောက်တော်​မမူဘဲ ဖြောင့်မတ်​စွာ စီရင်တော်မူသော ဘုရားသခင်​ထံ မိမိ​အမှု​ကို အပ်နှံတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ