ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ဟေဗြဲ 6:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။ Common Language Bible ထိုမျှော်လင့်ချက်သည်ငါတို့ဘဝအတွက် ချထားသည့်လုံခြုံခိုင်ခန့်သောကျောက်ဆူး အဖြစ် ကောင်းကင်ဗိမာန်တော်ကန့်လန့်ကာ ကိုထိုးဖောက်ကာအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေသည်။- Garrad Bible မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။ Judson Bible ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။ |
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
ကျောက်ဆောင်များနှင့် တိုက်မိမည်ကို စိုးရိမ်ရသောကြောင့် သင်္ဘောသားတို့သည် သင်္ဘောပဲ့ရှိကျောက်ဆူးလေးခုကို ချပြီးလျှင် မိုးလင်းရန်သာ ဆုတောင်းကြ၏။
ထို့နောက် ကျောက်ဆူးများကိုဖြတ်၍ ပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန်တည်းတွင်ပင် တက်မကြိုးများကိုဖြေလျက် သင်္ဘောရွက်ကိုတင်ပြီး ကမ်းသို့ဦးတည်ရွက်လွှင့်ကြ၏။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
ဘုရားသခင်က “သင်၏ မျိုးဆက်သည် အလွန်များပြားလိမ့်မည်” ဟု မိန့်တော်မူခဲ့သဖြင့် အာဗြဟံသည် မျှော်လင့်စရာ မရှိသည့် အခြေအနေ၌ပင် လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်မည်ဟု ယုံကြည်လျက် မျှော်လင့်ခဲ့၏။
သည်းခံခြင်းသည် ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တကိုလည်းကောင်း၊ ဘုရားသခင်နှစ်သက်တော်မူသောစာရိတ္တသည် ကယ်တင်ခြင်းအတွက် မျှော်လင့်ခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့သိသောကြောင့်ဖြစ်၏။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ဘုရားသခင်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်အတူ ထမြောက်စေတော်မူပြီးလျှင် ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ ထိုင်စေတော်မူ၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။
ဒုတိယအခန်းထဲသို့မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်းကသာ တစ်နှစ်လျှင် တစ်ကြိမ်တည်းဝင်ရ၏။ ထိုသို့ဝင်သောအခါ မိမိ၏အပြစ်များနှင့် လူတို့၏ မသိနားမလည်ဘဲကျူးလွန်မိသောအပြစ်များအတွက် သွေးကို ယူဆောင်၍ ပူဇော်ရ၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။