Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထို့ကြောင့် ဘုရားသခင်​၏​ကတိတော်​ကို ယုံကြည်ခြင်း​အားဖြင့် လက်ခံရရှိ၏။ ထို​ကတိတော်​ကို ကျေးဇူးတော်​အားဖြင့် အာဗြဟံ​၏ မျိုးဆက်​အားလုံး လက်ခံရရှိမည်​မှာ အမှန်​ပင်​ဖြစ်၏။ ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​သူတို့​ဖြစ်စေ၊ မကျင့်သုံးသော​သူတို့​ဖြစ်စေ အာဗြဟံ​၌​ရှိသည့် ယုံကြည်ခြင်း​မျိုး ရှိသောသူ​မှန်​လျှင် လက်ခံရရှိမည်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ယုံကြည်သော​သူတို့​၏ ဖခင်ကြီး​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16-17 သို့ နှင့် အ ညီ ပ ညတ် တ ရား တော် ဆိုင် ရာ အ မျိုး အ နွယ်၌ သာ က တိ တော် ကို တည် စေ ရန် မ ဟုတ်။ လူ သေ တို့ အား ရှင် ပြန် စေ ခြင်း၊ မ ဖြစ် သေး သူ တို့ အား ဖြစ် ပြီး ကဲ့ သို့ မိန့် ဆို ခြင်း ပြု တော် မူ သော ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယုံ ကြည် သူ သင့် ကို လူ မျိုး အ များ တို့၏ အ ဘ ဦး အ ဖြစ် ငါ ခန့် ထား ပြီ ဟု ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ၏ အ ဘ ဖြစ် သူ အာ ဗြ ဟံ၏ သ ဒ္ဓါ ဆိုင် ရာ အ မျိုး အ နွယ် အ ပေါင်း တို့၌ လည်း ကျေး ဇူး တော် အား ဖြင့် တည် စေ ရန် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​ကြောင့်၊ က​တိ​တော်​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော အ​မျိုး​အ​နွယ်​တို့၌ ပြည့်​စုံ​သည်​သာ​မ​က၊ အာ​ဗြ​ဟံ၏ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် ဆိုင်​သော​သူ​တို့၌ ပြည့်​စုံ​လျက်၊ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ ပြည့်​စုံ​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့​ရောက်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို​သာ အ​မှီ​ပြု၍ ရောက်​နိုင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့ကြောင့် ကတိ​တော်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်​၏။ ဤသည်ကား ထို​ကတိ​တော်​ကို ကျေးဇူး​တော်​အားဖြင့်​ဖြစ်စေ​၍ ပညတ်​တရား​နှင့်ဆိုင်သော​အမျိုးအနွယ်​အတွက်​သာမက​ဘဲ အာဗြဟံ​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သည့်​အမျိုးအနွယ်​အပါအဝင် အမျိုးအနွယ်​ရှိသမျှ​တို့​အတွက် တည်မြဲ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:16
18 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ဤ​သူ​သည် အာဗြဟံ​၏​မျိုးဆက်​ဖြစ်​သောကြောင့် ယနေ့​ပင် ကယ်တင်ခြင်း​သည် ဤ​အိမ်​ပေါ်​တွင် သက်ရောက်လေပြီ။


ခရစ်တော်​သည် ဂျူးလူမျိုးတို့​၏ အစေခံ​အဖြစ် ကြွလာရခြင်း​မှာ ဘုရားသခင်​သည် ဘိုးဘေးတို့​အား ပေးတော်မူသော​ကတိ​ကို တည်တော်မူသော​အရှင်​ဖြစ်ကြောင်း ပြသ​ရန် ဖြစ်၏။


ထို​နည်းလမ်း​မှာ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရသည့်​နည်းလမ်း​ဖြစ်၏။ ခွဲခြားထားခြင်း​မရှိဘဲ ယုံကြည်သော​သူတိုင်း​အတွက်​ဖြစ်၏။


ဘုရားသခင် တစ်ဆူတည်း​သာ ရှိတော်မူ၏။ ဂျူးလူမျိုး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ကိုယ်တော်​ကို ယုံကြည်သော​သူတို့​ကို ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။


အာဗြဟံ​သည် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူမီ​ကပင် ယုံကြည်​နှင့်ပြီး​ဖြစ်​သဖြင့် ဘုရားသခင်​သည် သူ့​ကို လက်ခံ​၍ ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့​သတ်မှတ်ကြောင်း​ကို​ပြသော အမှတ်​လက္ခဏာ​အနေဖြင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​သော်လည်း သူတို့​၏​ယုံကြည်ခြင်း​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရသောသူ​မှန်သမျှ​အတွက် အာဗြဟံ​သည် ဖခင်ကြီး​ဖြစ်လာ၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​သည် ယုံကြည်​၍ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သောကြောင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​လုပ်ဆောင်​ပေးခဲ့သော​အမှု​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်းမှု​ကို ရရှိကြပြီ။


ဆိုလိုသည်​မှာ အာဗြဟံ​၏​သွေးသား​အားဖြင့် မွေးဖွားလာသော​သူ​တိုင်း​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြသည်​မဟုတ်။ ဘုရားသခင်​၏​ကတိတော်​အတိုင်း မွေးဖွားလာသော​သားသမီး​သာလျှင် အာဗြဟံ​၏ သားသမီး​အစစ်အမှန် ဖြစ်ကြ၏။


ဤသို့ ရွေးနုတ်တော်မူခြင်း​မှာ လူမျိုးခြားတို့​သည် ယေရှု​ခရစ်တော်​အားဖြင့် အာဗြဟံ​ခံစားရသော ကောင်းချီး​မင်္ဂလာ​ကို ခံစား​နိုင်ရန်​လည်းကောင်း၊ ကျွန်ုပ်တို့​အားလုံး​သည် ဘုရားသခင်​ကတိထားတော်မူသော ဝိညာဉ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ခံယူရရှိ​နိုင်ရန်​လည်းကောင်း​ဖြစ်၏။


ဘုရားသခင်​သည် အာဗြဟံ​နှင့် သူ​၏​မျိုးနွယ်​အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာ​တွင် အများ​ကို ရည်ညွှန်း​၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူ​ကိုသာ ရည်ညွှန်း​၍ “သင်​၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထို​တစ်ယောက်သောသူ​မှာ ခရစ်တော်​ဖြစ်၏။


သို့သော် လူ​အပေါင်းတို့​သည် အပြစ်​၏ ချုပ်နှောင်မှု​အောက်၌ ကျရောက်​လျက်​ရှိကြောင်း ကျမ်းစာ​တွင် ဖော်ပြထား၏။ ဤသည်​မှာ ဘုရားသခင်​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်သောသူတို့​အား မိမိ​ကတိထားတော်မူသည့် ကောင်းချီး​မင်္ဂလာ​ကို ပေးသနားတော်မူ​ရန် ဖြစ်၏။


အပြစ်များ​ကြောင့် သေ​လျက်​ရှိသော ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်း​ခံရသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်​သာ ဖြစ်၏။


သင်တို့​သည် ယုံကြည်ခြင်း​ဖြင့် ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ခံရ၏။ သင်တို့​ကိုယ်တိုင် ပြုသော ကုသိုလ်​ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်​ဖြစ်၏။


ဤသည်​မှာ ကျွန်ုပ်တို့​သည် ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ​အသက်​ကို အမွေခံ​နိုင်ရန်​ဖြစ်၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင် ရွေးချယ်​ခေါ်ယူ​တော်မူသည့်​သူများ​ဖြစ်ကြောင်း သက်သေပြ​နိုင်ရန် ပို​၍ ကြိုးစား​အားထုတ်ကြလော့။ ဤ​သို့ ပြု​လျှင် သင်တို့​သည် ယုံကြည်ခြင်း​ကို မည်သည့်​အခါမျှ စွန့်လွှတ်မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ