Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 13:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ယခု​တွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း​မေတ္တာ ဤ​သုံးပါးတို့​သည် တည်​လျက်​ရှိ၏။ ဤ​သုံးပါး​တို့​အနက် ချစ်ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ယခု​တွင် ယုံကြည်​ခြင်း၊ မျှော်လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 13:13
43 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ကလည်း “ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ စိတ်ဝိညာဉ်​တစ်ခုလုံး၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှ​နှင့် ချစ်လော့။ ထို​မျှ​မက ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့’ ဟူ၍ ပါရှိပါသည်” ဟု ဖြေလေ၏။


သို့သော် သင်​၏​ယုံကြည်ခြင်း​မပျက်သုဉ်း​စေရန် သင့်​အတွက် ငါ​ဆုတောင်းပြီ။ သင်​သည် အသိတရား​ပြန်​ဝင်​သောအခါ သင်​၏​ညီအစ်ကိုများ​အား ကြံ့ခိုင်စေလော့” ဟု မိန့်တော်မူ၏။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


ပြုလေ​သမျှသော​အရာတို့​ကို မေတ္တာ​ရှေ့ထား​၍ ပြုကြလော့။


လုပ်ဆောင်မှု တည်မြဲ​လျှင် ထို​ဆောက်လုပ်သူ​သည် ဆုလာဘ်​ကို ရ​လိမ့်မည်။


ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​နှင့်​ပတ်သက်၍ “ကျွန်ုပ်တို့​အားလုံး​၌ အသိပညာ​ရှိသည်” ဟူ၍​ကျွန်ုပ်တို့​သိထားကြ၏။ သို့သော် အသိပညာ​သည် လူ​ကို မာန​ထောင်လွှား​စေတတ်၏။ ချစ်ခြင်းမေတ္တာ​မှာမူ တည်ဆောက်ပေးတတ်၏။


သို့သော် ဘုရားသခင်​ကို ချစ်သောသူ​သည် ဘုရားသခင်​၏ အသိအမှတ်ပြုတော်မူခြင်း​ကို ခံရသောသူ​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသော​အမှု​အတွက်​ဖြစ်စေ၊ မကောင်းသော​အမှု​အတွက်​ဖြစ်စေ ထိုက်သင့်ရာ​အကျိုး​အပြစ် အသီးသီး​ကို ခံစား​ရန် ခရစ်တော်​၏ တရားပလ္လင်​ရှေ့မှောက်​သို့ ရောက်ရှိလာကြ​ရမည်​ဖြစ်​သောကြောင့်​ဖြစ်၏။


ထိုသို့ လူအပေါင်းတို့​အတွက် ကိုယ်တော်​အသေခံတော်မူခြင်း​မှာ အသက်ရှင်သောသူတို့​သည် မိမိတို့​ကိုယ်ကျိုး​အတွက် အသက်​မရှင်ဘဲ မိမိတို့​အတွက် အသေခံ​၍ တစ်ဖန်​ရှင်ပြန်ထမြောက်တော်မူသော​အရှင်​အတွက် အသက်ရှင်​ရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။


ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။


အထက်ပါ အကျင့်သီလ​များ အပေါ်​တွင် ချစ်ခြင်းမေတ္တာ​ကို ဝတ်ဆင်ကြလော့။ ထို​ချစ်ခြင်းမေတ္တာ​သည် သင်တို့​အားလုံး​ကို စည်းလုံး​အောင် စုစည်း​နှောင်ဖွဲ့ပေး၏။


သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား သူရဲဘောကြောင်သော​စိတ်​ကို ပေးတော်မမူဘဲ တန်ခိုး​ပါသော​စိတ်၊ ချစ်တတ်သော​စိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သော​စိတ်တို့​ကို ပေးတော်မူ​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် သခင်ဘုရား​အပေါ် သင်တို့​၏ စိတ်ချယုံကြည်မှု​ကို မစွန့်ပစ်ကြနှင့်။ ၎င်း​သည် သင်တို့​အား ကြီးမားသော​ဆုလာဘ်​ကို ခံစားစေ​လိမ့်မည်။


သို့ရာတွင် ကျွန်ုပ်တို့​သည် နောက်ပြန်လှည့်​၍ ပျက်စီးနေသူများ​မဟုတ်ဘဲ ယုံကြည်​၍ ကယ်တင်ခံရသော​သူများ​ဖြစ်ကြ၏။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


ထို​မျှော်လင့်ချက်​သည် ကျွန်ုပ်တို့​စိတ်ဝိညာဉ်​အတွက် လုံခြုံ​ခိုင်ခံ့သော​ကျောက်ဆူး​တစ်ခု​ကဲ့သို့ ဖြစ်၏။ ၎င်း​သည် ကန့်လန့်ကာ​နောက်ကွယ်​၌​ရှိသော အသန့်ရှင်းဆုံး​ဌာနတော်​ထဲသို့ ကျွန်ုပ်တို့​ကို ခေါ်ဆောင်လေ၏။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ညီအစ်ကို​မောင်နှမ​ကို ချစ်သောသူ​သည် အလင်း​ထဲတွင် ရှိ​၍ မိမိ​ကြောင့် သူတစ်ပါး​အပြစ်​ကျူးလွန်​ရသည့်​အကြောင်း ထို​သူ​၌ မရှိ။


သားသမီးတို့… သင်တို့​သည် ခမည်းတော်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် ခွန်အားကြီး​၍ ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​၌ တည်​လျက် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။


ထို့ကြောင့် အစဦး​ကပင် ကြားခဲ့ရသော အရာ​ကို သင်တို့​၌ တည်စေကြလော့။ ထိုသို့​တည်​လျှင် သင်တို့​သည် သားတော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်နေ​လိမ့်မည်။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​သည် အပြစ်​ကို ဆက်​၍​ကျူးလွန်နေသူ​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ မျိုးစေ့​သည် ထို​သူ​၌ တည်နေ​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​ထံမှ ဖြစ်ပွား​သောကြောင့် သူ​သည် အပြစ်​ကို ဆက်​၍​မကျူးလွန်နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ