ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ဟေဗြဲ 10:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။ Common Language Bible ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။- Garrad Bible ကိုယ် ကို သန့် ရှင်း စေ သော ပ ဋိ ညာဉ်၏ အ သွေး တော် ကို မ သန့် ဟု မှတ် ယူ လျက် ကျေး ဇူး ရှင် ဝိ ညာဉ် တော် ကို လည်း မ ထီ လေး စား ပြု သူ သည် မည် မျှ ပြင်း ထန် သော ပြစ် ဒဏ် ကို ခံ ထိုက် သည် ဟု ထင် မှတ် ကြရ သ နည်း။ Judson Bible ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏ သွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။ |
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
သန့်ရှင်းစင်ကြယ်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပေးလျှင် သူတို့သည် သင်တို့ဘက်သို့ လှည့်ကာ ကိုက်ကြလိမ့်မည်။ ပုလဲရတနာများကို ဝက်တို့ရှေ့မှာ မချထားနှင့်။ ချထားလျှင် သူတို့သည် ထိုပုလဲတို့ကို ခြေဖြင့် နင်းသွားကြလိမ့်မည်။
ထိုအခါ တပည့်တော်တချို့သည် အစာမစားမီ ဂျူးဓလေ့ထုံးတမ်းအရ လက်ဆေးခြင်းအစဉ်အလာကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက တွေ့မြင်ကြ၏။
လူသားကို နှုတ်နှင့်ပြစ်မှားသောသူသည် ခွင့်လွှတ်တော်မူခြင်းခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ခွင့်လွှတ်တော်မူခြင်းမခံရ။
ခမည်းတော်ရွေးချယ်၍ လောကသို့ စေလွှတ်ခံရသော ငါက ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်’ ဟု ပြောဆိုသည်ကို သင်တို့က ‘ဘုရားသခင်ကို စော်ကားသည်’ ဟု ဆိုကြသလော။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
ခေါင်းမာသောလူမျိုးတို့… သင်တို့၏နားများသည် မည်သည့်အခါမျှ နားမထောင်။ သင်တို့၏စိတ်နှလုံးသည်လည်း မည်သည့်အခါမျှ နောင်တမရ။ သင်တို့သည် သင်တို့၏ဘိုးဘေးများ ပြုခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို အမြဲတစေ ဆန့်ကျင်လျက်ရှိ၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
ထို့ကြောင့် မထိုက်မတန်ဘဲ သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ကိုယ်ခန္ဓာကို ပိုင်းခြားမသိမြင်ဘဲ စားသောက်သောသူသည် မိမိကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်၏။
ခရစ်တော်သည် ရန်သူအားလုံးကို မိမိခြေဖဝါးတော်အောက်သို့ ချမထားမီတိုင်အောင် အုပ်စိုးရမည်ဖြစ်၏။
ကျမ်းစာ၌ “ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု ဖော်ပြထား၏။ “အရာအားလုံးကို ချထားတော်မူပြီ” ဟု ဆိုရာတွင် ထိုအရာအားလုံးထဲ၌ ဘုရားသခင် မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်အား အုပ်စိုးစေတော်မူသောအရှင် ဖြစ်သောကြောင့်ပင်။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ဘုရားသခင်ကို စွန့်သွားသောသူတို့အား တစ်ဖန် နောင်တရစေရန် မည်သို့ဖြစ်နိုင်တော့မည်နည်း။ တစ်ချိန်က ထိုသူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းကို ရ၍ ကောင်းကင်ဘုံမှ ကျေးဇူးတော်ကို မြည်းစမ်းကာ သန့်ရှင်းသောဝိညာဉ်တော်၏ကောင်းချီးကို ခံစားရသည့်သူများဖြစ်ခဲ့ကြ၏။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။
လူတို့၏ ခန္ဓာအပြင်ပန်းကို စင်ကြယ်စေရန် ဆိတ်သွေး၊ နွားထီး၏သွေးနှင့် နွားမတမ်း၏ပြာတို့ကို ညစ်ညမ်းသောသူတို့အပေါ် ဖျန်းကြ၏။
ထို့နောက် မောရှေက “ဤသွေးသည် ဘုရားသခင်နှင့် သင်တို့ ပဋိညာဉ်ဖွဲ့ထားသည်ကို အတည်ဖြစ်စေ၏” ဟု ဆို၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။