Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 17:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သမ္မာဓမ္မ၌ သီးသန့်ကြစေရန် သူတို့အတွက်အကျွန်ုပ်ကိုယ်ကိုသီးသန့်ထားပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 17:19
24 ပူးပေါင်းရင်းမြစ်များ  

သန့်ရှင်း​စေတော်မူသော ယေရှု​ခရစ်တော်​နှင့် သန့်ရှင်းခြင်း​ခံရသူတို့​သည် တစ်ပါးတည်းသော​ဖခင်​ထံမှ ဖြစ်​သောကြောင့် ယေရှု​ခရစ်တော်​သည် ထို​သူတို့​ကို ညီအစ်ကို​မောင်နှမများ​ဟု ခေါ်​ရန် ရှက်တော်မမူ။


သခင်​ယေရှု​သည် ကျွန်ုပ်တို့​အား ဒုစရိုက်​အမျိုးမျိုး​မှ ရွေးနုတ်​ရန်​နှင့် ကျွန်ုပ်တို့​အား မိမိ​အတွက် စင်ကြယ်​စေရန် မိမိ​အသက်​ကို ပေးတော်မူ၏။ ဤ​သည်မှာ ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ လူများ​ဖြစ်လာ​၍ ကောင်းမှု​ပြုရာ​တွင် စိတ်အား​ထက်သန်ကြ​ရန် ဖြစ်၏။


ကိုယ်တော်​၏ သမ္မာတရား​အားဖြင့် သူတို့​ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်ပါ၏။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ညစ်ညူး​စေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်း​စေရန် ခေါ်တော်မူ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


ထိုသို့​ပူဇော်​ရန် လိုအပ်​လျှင် ကိုယ်တော်​သည် ကမ္ဘာ​တည်ချိန်​ကတည်းက အကြိမ်ကြိမ် ဒုက္ခခံ​ရ​လိမ့်မည်။ ယခု​တွင်မူ ကိုယ်တော်​သည် မိမိ​ကိုယ်​မိမိ ယဇ်ပူဇော်​၍ အပြစ်များ​ကို ပယ်ရှင်း​ရန် ကမ္ဘာ​ကုန်ဆုံးချိန်​၌ တစ်ကြိမ်တည်း​နှင့်​အပြီး ပေါ်ထွန်းတော်မူ၏။


သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။


လူတို့​၏ ခန္ဓာ​အပြင်ပန်း​ကို စင်ကြယ်​စေရန် ဆိတ်သွေး၊ နွားထီး​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​ကို ညစ်ညမ်းသော​သူတို့​အပေါ် ဖျန်း​ကြ၏။


ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို တိရစ္ဆာန်တို့​၏ သွေး​နှင့်ပင် အတည်​ဖြစ်စေခဲ့၏။


ခမည်းတော်​ရွေးချယ်​၍ လောက​သို့ စေလွှတ်ခံရသော ငါ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော်​ဖြစ်သည်’ ဟု ပြောဆိုသည်​ကို သင်တို့​က ‘ဘုရားသခင်​ကို စော်ကားသည်’ ဟု ဆိုကြသလော။


ငါ​ဟောပြောသော​တရား​အားဖြင့် ယခု သင်တို့​သည် စင်ကြယ်​လျက်​ရှိကြ၏။


မိမိ​မိတ်ဆွေတို့​အတွက် အသက်ပေး​ချစ်သော ချစ်ခြင်းမေတ္တာ​ထက် သာ​၍ ကြီးမြတ်သော​ချစ်ခြင်းမေတ္တာ​မရှိပေ။


အကျွန်ုပ်​သည် ဤ​တပည့်တော်တို့​အတွက်​သာ ဆုတောင်းသည်​မဟုတ်ပါ။ သူတို့​၏ ဟောပြောခြင်း​အားဖြင့် နောင်​တွင် အကျွန်ုပ်​ကို ယုံကြည်လာကြ​မည့် သူတို့​အတွက်​လည်း ဆုတောင်းပါ၏။


ကျွန်ုပ်​သည် သင်တို့​အကြောင်း​ကို တိတု​အား ကြွားဝါခဲ့​သော်လည်း သင်တို့​သည် ကျွန်ုပ်​ကို အရှက်​မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့​အား ကျွန်ုပ်​ပြောခဲ့သော အရာ​အားလုံး​သည် မှန်နေ​သကဲ့သို့ တိတု​ကို ကျွန်ုပ်တို့​ကြွားဝါခဲ့သော သင်တို့​အကြောင်း​သည်လည်း မှန်နေ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ထို​သတင်းကောင်း​ကို ကြားနာ​ပြီး ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှန်တကယ် နားလည်သည့်​နေ့​မှစ၍ သင်တို့​ထဲ၌ အသီးအပွင့်များ​သီးပွင့်​ကာ တိုးပွား​သကဲ့သို့ ထို​သတင်းကောင်း​သည် ကမ္ဘာတစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တိုးပွား​လျက်​ရှိ၏။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


သားသမီးတို့… ကျွန်ုပ်တို့​သည် အပြော​နှင့်သာ မချစ်ဘဲ လက်တွေ့၊ အမှန်​ချစ်ကြပါစို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ