Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 မောရှေ​၏ ပညတ်တရား​ကို နာခံ​ရန် ငြင်းဆန်သောသူ​သည် သက်သေခံ​သူ နှစ်ဦး၊ သုံးဦး​၏​ထွက်ဆိုချက်​အရ သက်ညှာခြင်း​ကို မခံရဘဲ သေဒဏ်ပေးခြင်း​ကို ခံရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 မော ရှေ၏ တ ရား တော် ကို ငြင်း ပယ် သူ သည် သက် သေ နှစ် ဦး သုံး ဦး ထွက် ဆို သော် သ နား ခြင်း ကင်း လျက် သေ ဒဏ် ခံ ရ သည် မှန် လျှင် ဘု ရား သ ခင့် သား တော် ကို ကျော် နင်း ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 မော​ရှေ၏​တ​ရား​ကို ပယ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​ရှိ​လျှင်၊ သ​နား​ခြင်း​ကို မ​ခံ​ရ​ဘဲ သေ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 မောရှေ​၏​ပညတ်​တရား​ကို​ငြင်းပယ်​သော​သူ​သည် သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​သက်သေခံ​ချက်​အားဖြင့် သက်ညှာ​ခြင်း​မ​ရှိ​ဘဲ သေဒဏ်​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:28
17 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​မဟုတ်ဘဲ သင့်​စကား​ကို နားမထောင်​ပါက သင်​နှင့်အတူ အသိသက်သေ​တစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့​ကို​ခေါ်​၍ နောက်တစ်ကြိမ်​သွားလော့။ သို့မှသာ အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​နိုင်မည်​ဖြစ်၏။


သင်တို့​၏ ပညတ်ကျမ်း​တွင်လည်း လူနှစ်ဦး​ထွက်ဆိုသော သက်သေ​သည် ညီ​လျှင် ထို​သက်သေ ခိုင်လုံကြောင်း ရေးသားထား၏။


ဘုရားသခင်​သည် မောရှေ​အား “ငါ​ကျေးဇူးပြု​လိုသောသူ​ကို ကျေးဇူးပြုမည်။ ငါ​သနား​လိုသောသူ​ကို သနားမည်” ဟု မိန့်တော်မူ၏။


ယခု ကျွန်ုပ်​သည် တတိယ​အကြိမ် သင်တို့​ထံသို့ လာခဲ့မည်။ ကျမ်းစာ​၌ “အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​ရမည်” ဟု ဖော်ပြထား၏။


သင်တို့​အား မိန့်တော်မူသော အရှင်​ကို မငြင်းပယ်မိ​စေရန် သတိပြုလော့။ အကယ်၍ မြေကြီး​ပေါ်ရှိ သတိပေးသူများ​ကို မနာခံသော​အစ္စရေးလူမျိုး​သည် ပြစ်ဒဏ်​မှ မလွတ်မြောက်နိုင်​လျှင် ကောင်းကင်ဘုံ​မှ သတိပေးသော ဘုရားသခင်​ကို မနာခံ​သောအခါ ပြစ်ဒဏ်​မှ ပို​၍ လွတ်မြောက်​စရာ​အကြောင်း​မရှိ။


ကောင်းကင်တမန်များ​မှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်​၏ တရားတော်​သည် စစ်မှန်​သောကြောင့် ထို​တရားတော်​ကို ချိုးဖောက်​၍ မနာခံသူများ​သည် မိမိတို့​နှင့် ထိုက်သင့်သော အပြစ်ဒဏ်​ကို ခံကြရသည်​မှန်လျှင်


ကရုဏာ​ကင်းမဲ့သောသူ​သည် ကရုဏာ​ကင်းမဲ့​စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာ​ထားသောသူ​သည် ဘုရားသခင်​တရားစီရင်မည့်​နေ့​တွင် ကြောက်ရွံ့နေ​ရန် မလိုပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ