Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:29 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 အဘယ်ကြောင့်ဆိုသော် ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို ပိုင်းခြား​မသိမြင်ဘဲ စားသောက်သောသူ​သည် မိမိ​ကိုယ်ကိုယ် ပြစ်ဒဏ်​စီရင်ရာ​ရောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ကိုယ် ခ န္ဓာ တော် ကို ပိုင်း ခြား သိ မြင် ခြင်း မ ရှိ ဘဲ စား သောက် သော သူ သည် တ ရား စီ ရင် ခံ ရ ခြင်း ကို စား သောက် ရာ ရောက် သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 အ​ကြောင်း​မူ​ကား၊ မ​ထိုက်​မ​တန်​ဘဲ စား​သောက်​သော​သူ​သည် သ​ခင်​ဘု​ရား၏​ကိုယ်​တော်​ကို ပိုင်း​ခြား၍ မ​သိ​သော​ကြောင့်၊ မိ​မိ​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ စား​သောက်​သော​သူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 အကြောင်းမူကား သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​ကို ပိုင်းခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိမိ​အပေါ်သို့ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေရန် စား​သောက်​သော​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:29
11 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် စားသောက်​၍​နေသည်​ကို သင်တို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။


ထို့ကြောင့် အစိုးရ​အာဏာ​ကို ဆန့်ကျင်သော​သူတို့​သည် ဘုရားသခင်​၏ စီမံခန့်ခွဲတော်မူခြင်း​ကို ဆန့်ကျင်သောသူ ဖြစ်၏။ ထို​သူတို့​သည် ပြစ်ဒဏ်​ပေးခြင်း​ကို ခံရမည်။


ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ ထို့နောက် မုန့်​ကို ဖဲ့​၍ “ဤ​မုန့်​သည် သင်တို့​အတွက်​စွန့်သော ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်၏။ ငါ့​ကို အောက်မေ့သတိရ​ရန် ဤသို့​ပြုကြလော့” ဟု မိန့်တော်မူ၏။


ထို့ကြောင့် မထိုက်မတန်ဘဲ သခင်ဘုရား​၏ မုန့်​နှင့်​ခွက်​ကို မထိုက်တန်ဘဲ စားသောက်သောသူ​သည် သခင်ဘုရား​၏ ကိုယ်ခန္ဓာတော်​နှင့် အသွေးတော်​ကို ပြစ်မှားရာ​ရောက်၏။


သို့ဖြစ်၍ သင်တို့​သည် မုန့်​ကို မစားမီ​နှင့် ခွက်​ကို မသောက်မီ မိမိကိုယ်ကိုယ် ဆင်ခြင်​သုံးသပ်ကြလော့။


ထို​အကြောင်း​ကြောင့် သင်တို့​တွင် အားနည်းသောသူ​နှင့် ဖျားနာသောသူ​များစွာ ရှိကြပြီး သေဆုံးသောသူ​တချို့​လည်း ရှိကြ၏။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ဆရာ​ဖြစ်ကြသော​ကျွန်ုပ်တို့​သည် အခြားသူတို့​ထက် ပို​၍ တင်းကျပ်​စွာ စီရင်​ခံရမည်​ကို သင်တို့​သိမှတ်​လျက် ဆရာ​ဖြစ်လိုသူ မများစေကြနှင့်။


ညီအစ်ကို မောင်နှမတို့… အထူး​သဖြင့် ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​အရာ​ကို​ဖြစ်စေ တိုင်တည်​၍ မကျိန်ဆိုကြနှင့်။ ဟုတ်​လျှင် ဟုတ်ကြောင်း၊ မဟုတ်​လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်း​နှင့် ကင်းလွတ်​နိုင်လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ