၁ ကော 11:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း30 ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့် ဖျားနာသောသူများစွာ ရှိကြပြီး သေဆုံးသောသူတချို့လည်း ရှိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible30 သင် တို့ ဘောင် တွင် အား နည်း သူ၊ မ ကျန်း မာ သူ၊ သေ လွန် သူ အ များ ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူ အများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ဤအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့်မကျန်းမာသောသူ များစွာရှိ၍ အိပ်ပျော်သောသူလည်း အများအပြားရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်ပြောမည်။ ကျွန်ုပ်တို့အားလုံးသည် သေကြရမည်မဟုတ်။ နောက်ဆုံး တံပိုးမှုတ်သောအခါ တစ်ခဏချင်းမျက်စိတစ်မှိတ်အတွင်းတွင် ကျွန်ုပ်တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တံပိုးမှုတ်သောအခါ သေလွန်သောသူတို့သည် မပုပ်ပျက်သောအရာအဖြစ် ထမြောက်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်လျက်ရှိသော ကျွန်ုပ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်။