ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 9:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဤနတ်ဆိုးမျိုးသည် ဆုတောင်းခြင်းအားဖြင့်သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဆုတောင်းခြင်းမှတစ်ပါး အခြား အဘယ်နည်းနှင့်မျှဤနတ်မျိုးကိုနှင်ထုတ်၍ မရ'' ဟုမိန့်တော်မူ၏။ Garrad Bible ပ ဌ နာ ပြု ခြင်း မှ တစ် ပါး မည် သည့် နည်း ဖြင့် မျှ ထို နတ် မျိုး ကို မ ထွက် စေ နိုင် ဟု မိန့် တော် မူ ၏။ Judson Bible ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ထိုနတ်မျိုးကို ဆုတောင်းခြင်းအားဖြင့်မဟုတ်လျှင် မည်သည့်နည်းနှင့်မျှ မနှင်ထုတ်နိုင်”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။ |
ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
သို့သော် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်သာလျှင် ဤနတ်ဆိုးမျိုးကို နှင်ထုတ်နိုင်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
ယေရှုနှင့် တပည့်တော်တို့သည် ထိုအရပ်မှ ထွက်ခွာ၍ ဂါလိလဲပြည်ကို ဖြတ်သွားကြ၏။ ထိုသို့ ဖြတ်ကြွကြောင်း ကိုယ်တော်သည် မည်သူ့ကိုမျှ သိစေလိုတော်မမူ။
ထိုအခါ နတ်ဆိုးသည် မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို သွား၍ ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေလေ၏။ ထိုလူ၏အခြေအနေသည်လည်း ယခင်ထက် ပို၍ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။
အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။
ထိုဆူးကို ဖယ်ရှားပေးတော်မူရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ကျွန်ုပ်အသနားခံခဲ့၏။
ရိုက်နှက်ခံရခြင်း၊ ထောင်ကျခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခံရခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အစာပြတ်လပ်ခြင်းတို့ကို သည်းခံကြ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကို နာလန်ထစေတော်မူလိမ့်မည်။ ထိုသူသည် အပြစ်ကျူးလွန်ခဲ့မိလျှင်လည်း ခွင့်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။