Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ထိုအခါ နတ်ဆိုး​သည် မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို သွား​၍ ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေလေ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း ယခင်​ထက် ပို၍​ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 မိ မိ ထက် ဆိုး သွမ်း သော နတ် ခု နစ် ကောင် ကို ခေါ် ပြီး နောက် ဝင် နေ သည် နှင့် ထို လူ၏ နောက် အ ဖြစ် အ နေ သည် အ ရင် ထက် ဆိုး သ တည်း ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထိုအခါ ၎င်း​သည်​သွား​၍ မိမိ​ထက်​ဆိုး​သော​နတ်​ခုနစ်​ကောင်​ကို​ခေါ်ဆောင်​လာ​ပြီး ထို​နေရာ​၌ ဝင်ရောက်​နေထိုင်​သဖြင့် ထို​လူ​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

26 မိ​မိ​ထက်​သာ၍ ညစ်​ညူး​သော​နတ်​ဆိုး​ခု​နစ်​ယောက်​ကို ခေါ်​ပြီး​လျှင် ထို​လူ​ထဲ​သို့​ဝင်၍ နေ​ကြ၏၊ ထို​လူ၏​နောက်​ဖြစ်​ဟန်​သည် ရှေ့​ဖြစ်​ဟန်​ထက်​သာ၍ ဆိုး​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:26
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် လူတစ်ဦး ဂျူးဘာသာဝင်​ဖြစ်လာ​စေရန် တောတောင်ရေမြေ​ကို ဖြတ်​၍ လှည့်လည်ကြပြီး ဘာသာဝင်​ဖြစ်လာ​သောအခါ ထို​သူ​ကို သင်တို့​ထက် နှစ်ဆ​ပို၍ ငရဲ​သို့​လားထိုက်သူ ဖြစ်စေကြ​သောကြောင့်​ဖြစ်၏။


သူ​သည် ထို​လူ​ထံသို့ ပြန်သွား​သောအခါ လှည်းကျင်းထား​၍ စနစ်တကျ​ပြင်ဆင်ထားသည်​ကို တွေ့လေ၏။


ထိုသို့ ဤ​အကြောင်း​ကို ကိုယ်တော်​ဟောပြောတော်မူ​စဉ် ပရိသတ်​ထဲမှ အမျိုးသမီး​တစ်ဦး​သည် “ကိုယ်တော်​အား လွယ်သော​ဝမ်း​နှင့် တိုက်ကျွေးသော​သားမြတ်​သည် မင်္ဂလာ​ရှိပါ၏” ဟု ကျယ်လောင်သော​အသံ​နှင့် လျှောက်လေ၏။


ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်တော်​၌ တွေ့မြင်တော်မူ​သဖြင့် “ယခု သင်​ကျန်းမာပြီ။ နောက်ထပ် အပြစ်​မပြုနှင့်။ သို့မဟုတ်​လျှင် ပို​၍ ဆိုးရွားသော​ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ညီအစ်ကို​မောင်နှမ​တစ်စုံတစ်ယောက်​သည် မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး ကျူးလွန်သည်​ကို သင်​တွေ့​လျှင် သူ့​အတွက် ဆုတောင်းပေး​သင့်၏။ မိမိ​ဝိညာဉ်​မဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ကို ကျူးလွန်သော ထို​သူ​အား ဘုရားသခင်​သည် အသက်​ကို ပေးတော်မူ​လိမ့်မည်။ မိမိ​ဝိညာဉ်​ဆုံးရှုံး​စေနိုင်သည့်​အပြစ်​မျိုး​ရှိ၏။ ထို​အပြစ်​မျိုး​အတွက် ဆုတောင်း​သင့်ကြောင်း ကျွန်ုပ်​မဆိုလိုပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ