Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 5:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ယုံကြည်ခြင်း​ဖြင့် ဆုတောင်းခြင်း​သည် လူနာ​ကို ကျန်းမာစေ​၍ သခင်ဘုရား​သည် သူ့​ကို နာလန်ထ​စေတော်မူ​လိမ့်မည်။ ထို​သူ​သည် အပြစ်​ကျူးလွန်ခဲ့မိ​လျှင်လည်း ခွင့်လွှတ်တော်မူခြင်း​ကို ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 5:15
18 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​၏ ယုံကြည်ခြင်း​သည် အားနည်း​သောကြောင့်​ဖြစ်၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့​လိမ့်မည်။ ယုံကြည်ခြင်း​ရှိ​ပါက သင်တို့​မတတ်နိုင်သော​အရာ​မရှိ။


ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်တော်​၌ တွေ့မြင်တော်မူ​သဖြင့် “ယခု သင်​ကျန်းမာပြီ။ နောက်ထပ် အပြစ်​မပြုနှင့်။ သို့မဟုတ်​လျှင် ပို​၍ ဆိုးရွားသော​ဘေးဒုက္ခ​သည် သင့်​အပေါ်​ကျရောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏ အလိုတော်​မှာ ငါ့​ကို ပေးအပ်ထားတော်မူသော​သူများ​ထဲမှ တစ်ဦးတစ်ယောက်​ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသော​နေ့​တွင် ထို​သူတို့​ကို သေရာ​မှ ထမြောက်​စေရန်​ဖြစ်၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


သို့သော် သံသယစိတ်​မရှိဘဲ ယုံကြည်သော​စိတ်​နှင့် တောင်းရမည်။ သံသယစိတ်​ရှိသောသူ​သည် လေတိုက်​၍ လှုပ်ရှားတတ်သော ပင်လယ်​လှိုင်းတံပိုး​နှင့် တူ၏။


သင်တို့​တွင် ဆင်းရဲဒုက္ခ​ရောက်သော​သူ​ရှိ​လျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူ​ရှိလျှင် ချီးမွမ်း​သီချင်းဆိုစေ။


ထို့ကြောင့် သင်တို့​သည် ကျန်းမာခွင့်​ရ​ရန် မိမိတို့​၏​အပြစ်များ​ကို အချင်းချင်း ဖွင့်ဟ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ​၏​ဆုတောင်းခြင်း​သည် အလွန်​တန်ခိုးကြီး​၍ ထိရောက်၏။


အပြစ်ရှိသောသူ​ကို မှားယွင်းသော​လမ်း​မှ ပြန်လည်​ခေါ်ဆောင်လာသောသူ​သည် ထို​အပြစ်သား​၏ စိတ်ဝိညာဉ်​ကို သေခြင်း​မှ ကယ်တင်​၍ သူ​၏ အပြစ်​များစွာ​ကို သခင်ဘုရား​ခွင့်လွှတ်​ပေးတော်မူ​စေရန် ဆောင်ရွက်သူ​ဖြစ်ကြောင်း သူ​သိမှတ်ပါစေ။ ရှင်ယာကုပ်​ဩဝါဒစာ ပြီးပါပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ