Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို​ဆူး​ကို ဖယ်ရှား​ပေးတော်မူ​ရန် သခင်ဘုရား​ထံ သုံးကြိမ်​တိုင်တိုင် ကျွန်ုပ်​အသနားခံခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို​ဝေ​ဒ​နာ​ကို​ဖယ်​ရှား​ပေး​တော်​မူ​ရန်​ငါ သည်​သ​ခင်​ဘု​ရား​ထံ​တော်​သို့​သုံး​ကြိမ် တိုင်​တိုင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​က ``ငါ​၏​ကျေး​ဇူး​တော်​ကို သာ​လျှင်​သင်​လို​အပ်​ပေ​သည်။ သင်​အား နည်း​သော​အ​ခါ​ငါ့​တန်​ခိုး​သည်​အ​ထင် ရှား​ဆုံး​ဖြစ်​၏'' ဟု​ဖြေ​ကြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို စေ တ မန် ကို ငါ မှ ထွက် သွား စေ ရန် အ ရှင် ဘု ရား ထံ သုံး ကြိမ် တိုင် ငါ တောင်း လျှောက် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ၎င်း​ကို ငါ့​ထံမှ​ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း သခင်​ဘုရား​ထံ သုံး​ကြိမ်​တိုင်တိုင် ငါ​တောင်းလျှောက်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:8
10 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့ သုံးကြိမ်​ဖြစ်ပျက်ပြီး ထို​အရာ​သည် ကောင်းကင်​သို့ ယူဆောင်သွားခြင်း​ခံရ၏။


ထို​ကဲ့သို့​ပင် သန့်ရှင်းသော​ဝိညာဉ်တော်​သည် ကျွန်ုပ်တို့​အားနည်းသော​အရာ​၌ ကူညီ​မစတော်မူ၏။ ဥပမာ ဘုရားသခင်​သည် ကျွန်ုပ်တို့​အား မည်သည့်​ဆု​ကို တောင်းစေလိုသည်​ကို ကျွန်ုပ်တို့​မသိ။ ထိုအခါ သန့်ရှင်းသော​ဝိညာဉ်တော်​သည် ဖော်ပြ​၍ မရနိုင်အောင် နက်နဲသည့် ညည်းတွားသော​စကားတို့​ဖြင့် ကျွန်ုပ်တို့​အတွက် ကိုယ်စားပြု​ဆုတောင်းပေးတော်မူ၏။


ခရစ်တော်​သည် ကမ္ဘာလောက​၌ လူသား​အဖြစ်​ရှိ​စဉ် သေခြင်း​မှ ကယ်တင်နိုင်သော ဘုရားသခင်​ထံ ပြင်းပြ​စွာ အော်ဟစ်​၍ မျက်ရည်​ကျ​လျက် အသနားခံ​တောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်​ထံ အပ်နှံ​၍ မိမိ​အား ရိုသေ​သောကြောင့် ဘုရားသခင်​သည် ကိုယ်တော်​၏ ဆုတောင်းချက်များ​ကို နားဆင်တော်မူခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ