သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ရောမ 8:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။ Common Language Bible သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌အကယ်ပင်ကျိန်းဝပ်တော်မူ လျှင် သင်တို့သည်ဇာတိသဘောလှုံ့ဆော်သည့် အတိုင်းမဟုတ်ဘဲဝိညာဉ်တော်သွန်သင်သည့် အတိုင်းပြုမူကျင့်ကြံ၏။ ခရစ်တော်၏ဝိညာဉ် တော်မကျိန်းဝပ်သောသူသည်ခရစ်တော်နှင့် မည်သို့မျှမသက်ဆိုင်။- Garrad Bible သင် တို့ မှာ မူ ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် သင် တို့၌ ကိန်း ဝပ် လျှင် ရုပ် ခ န္ဓာ အောက် မ ဟုတ်။ နာမ် ခ န္ဓာ အောက် နေ ကြ၏။ ခ ရစ် တော်၏ ဝိ ညာဉ် တော် မ ရှိ သူ သည် ခ ရစ် တော် နှင့် မ ဆိုင်။ Judson Bible သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။ |
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် သမ္မာတရားကို ဖော်ပြသည့်သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့သည် ထိုဝိညာဉ်တော်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် မခံယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေသည်သာမက သင်တို့အထဲ၌ ရှိနေမည်ဖြစ်သောကြောင့် ထိုအရှင်ကို သင်တို့သိကြ၏။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။
သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့်
လူ့ဗီဇစိတ်အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့စဉ်က ပညတ်တရား၏ လှုံ့ဆော်မှုအားဖြင့် ပေါ်ပေါက်လာသော အပြစ်ပြုလိုစိတ်သည် ကျွန်ုပ်တို့အတွင်း၌ သက်ဝင်လှုပ်ရှား၍ သေခြင်းသို့ပို့ဆောင်သည့်အကျင့်ဆိုးကို ဖြစ်စေကြ၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
သို့သော် ထမြောက်ခြင်းတွင် အလှည့်ကျရှိမည်ဖြစ်ပြီး ခရစ်တော်သည် အဦးဆုံးရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
သင်တို့၏ ကိုယ်ခန္ဓာသည် ဘုရားသခင်ထံတော်မှ သင်တို့လက်ခံရရှိထားသည့် ဝိညာဉ်တော်ဟူသော သင်တို့အထဲ၌ ကိန်းဝပ်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိကြသလော။ သင်တို့သည် မိမိကိုယ်ကိုယ် မပိုင်ကြ။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။