Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 7:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 လူ့​ဗီဇစိတ်​အတိုင်း ကျွန်ုပ်တို့ ကျင်လည်ခဲ့​စဉ်က ပညတ်တရား​၏ လှုံ့ဆော်မှု​အားဖြင့် ပေါ်ပေါက်လာသော အပြစ်​ပြုလိုစိတ်​သည် ကျွန်ုပ်တို့​အတွင်း​၌ သက်ဝင်လှုပ်ရှား​၍ သေခြင်း​သို့​ပို့ဆောင်သည့်​အကျင့်ဆိုး​ကို ဖြစ်စေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ရုပ် ခ န္ဓာ အောက်၌ ငါ တို့ ရှိ နေ ကြ စဉ် ပ ညတ် တ ရား တော် ကြောင့် အ ပြစ် ဆိုင် ရာ ဝါ သ နာ များ သည် သေ မင်း အ ဖို့ အ ကျိုး ဖြစ် ပွား စေ ရန် ငါ တို့ ကိုယ် အင်္ဂါ များ၌ ပြု စု ခဲ့ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား ငါ​တို့​သည် သွေးသား​ဇာတိ​၌​တည်​လျက်​ရှိ​စဉ်​က ပညတ်​တရား​ကြောင့်​ဖြစ်​ပေါ်လာ​သည့် ပြင်းပြ​သော​အပြစ်​ပြု​လို​စိတ်​သည် ငါ​တို့​၏​ကိုယ်အင်္ဂါ​များ​၌ သက်ဝင်​လှုပ်ရှား​နေ​သဖြင့် သေ​ခြင်း​အတွက် အသီး​များ​ဖြစ်ထွန်း​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 7:5
28 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​အားလုံး​သည်လည်း တစ်ချိန်​က ထို​သူတို့​ကဲ့သို့​ပင် လူ့​ဗီဇစိတ်​၏ တပ်မက်မှု​အတိုင်း လုပ်ဆောင်​၍ စိတ်​နှင့် ခန္ဓာတို့​၏ အလို​အတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့​သည် သဘာဝ​အားဖြင့် အခြားသူတို့​ကဲ့သို့ပင် ဘုရားသခင်​၏ အမျက်တော်​ကို ခံထိုက်သူများ​ဖြစ်ကြ၏။


ယေရှု​ခရစ်တော်​၏ လူတို့​သည် လူ့​ဗီဇစိတ်​ကို ထို​ဗီဇစိတ်​၏ ပြင်းပြခြင်း၊ တပ်မက်ခြင်း​တို့​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်ကြလေပြီ။


ကျမ်းစာ​တွင် “ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန်အတွက် ပညတ်တရား​ကို လိုက်နာခြင်း​ကို အားကိုးသော သူတို့​သည် ကျိန်ဆိုခြင်း​ကို​ခံရ၏။


သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဒုစရိုက်​လက်နက်​အဖြစ် အပြစ်တရား​အား မဆက်သကြနှင့်။ ထိုသို့​ပြုမည့်​အစား သင်တို့​သည် သေရာ​မှ ပြန်ရှင်လာသော​သူများ​ဖြစ်ကြ​သောကြောင့် မိမိ​ကိုယ်​မိမိ ဘုရားသခင်​ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဘုရားသခင်​၏ ဘုန်းတော်​အတွက် ဖြောင့်မတ်​စွာ လုပ်ဆောင်နိုင်မည့်​လက်နက်​အဖြစ် ဆက်သကြလော့။


ထိုစဉ်​က ပြုကျင့်ခဲ့သော​အရာ​မှ မည်သည့် အကျိုး​ကို ရသနည်း။ သင်တို့​သည် ယခင်က ကျူးလွန်ခဲ့ဖူးသော​အရာများ​အတွက် ယခု​ရှက်ကြောက်ရ၏။ ထို​အရာတို့​သည် သေခြင်း​၌ လမ်းဆုံး၏။


အပြစ်​ကျူးလွန်သောသူ​သည် ပညတ်တရား​ကို ချိုးဖောက်၏။ အပြစ်​ဟူသည်​မှာ ပညတ်တရား​ကို ချိုးဖောက်ခြင်း​ဖြစ်၏။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


သေမင်း​၏ အစွယ်​သည် အပြစ်​ဖြစ်၏။ အပြစ်​သည် ပညတ်တရား​မှ တန်ခိုး​ကို ရရှိ၏။


မည်သည့်​အကြောင်း​ကြောင့် သင်တို့​ထဲတွင် စစ်ပွဲများ​နှင့် ရန်ပွဲများ​ဖြစ်ကြသနည်း။ သင်တို့​ကိုယ်ခန္ဓာ​ထဲ၌ ဆန့်ကျင်​တိုက်ခိုက်နေသော အပျော်အပါး​လိုက်စားလိုသည့်​ဆန္ဒများ​ကြောင့် ဖြစ်ကြသည်​မဟုတ်လော။


ထို​မကောင်းသော​တပ်မက်မှု​သည် သန္ဓေတည်​၍ အပြစ်​ကို မွေးဖွား၏။ ထို​အပြစ်​သည် ကြီးထွားလာ​သောအခါ သေခြင်း​ကို ဖြစ်ပေါ်စေ၏။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


သင်တို့​သည် လူမျိုးခြားများ​အဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများ​က သင်တို့​ကို အရေပြား​မလှီးသောသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထားသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​၏ အရေပြားလှီးခြင်း​သည် ကိုယ်ခန္ဓာ​ပေါ်တွင် လူ့​လက်​ဖြင့် ပြုလုပ်သော အရာ​သာ ဖြစ်၏။


သို့သော်လည်း ကျွန်ုပ်​၏​စိတ်​က နှစ်သက်သော​သဘောတရား​နှင့် ဆန့်ကျင်​တိုက်ခိုက်နေသည့် အခြား​သဘောတရား​တစ်ခု​သည် ကျွန်ုပ်​အတွင်း​၌ ရှိနေ၏။ ထို​သဘောတရား​က ကျွန်ုပ်​အတွင်း​၌ ကိန်းအောင်း​လျက် ရှိနေသေးသော အပြစ်တရား​၏​လက်အောက်​သို့ ကျရောက်စေသည်​ကို ကျွန်ုပ်​မြင်ရ၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


သင်တို့​၏ လူ့သဘာဝ​အားနည်းချက်​ကြောင့် ဤ​အကြောင်းအရာ​ကို သင်တို့​နားလည်​စေရန် ကျွန်ခံခြင်း​ဥပမာ​ကို ကျွန်ုပ်​အသုံးပြုရခြင်း​ဖြစ်၏။ ယခင်က သင်တို့​သည် စက်ဆုပ်​ညစ်ညမ်းခြင်း​နှင့် တရားမဲ့ခြင်းတို့​၏​ကျွန်​အဖြစ် မိမိတို့​၏ ကိုယ်ခန္ဓာ​အစိတ်အပိုင်းများ​ကို ဆက်သ​၍ ပိုမို​ကြီးလေးသော​အပြစ်​ကို ကျူးလွန်ကြ၏။ ယခု​တွင်မူ သင်တို့​သည် သန့်ရှင်းသောသူများ​ဖြစ်လာကြ​စေရန် ဖြောင့်မတ်ခြင်းတရား​၏​ကျွန်​အဖြစ် အပ်နှံကြလော့။


လူတို့​အနေဖြင့် မိမိတို့​မည်မျှ​အပြစ်​များကြောင်း သိမြင်လာကြ​ရန် ဘုရားသခင်​သည် ပညတ်တရား​ကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့​ပို၍ အပြစ်ကျူးလွန်​လေ ဘုရားသခင်​၏​ကျေးဇူးတော်​သည် ပို၍ ကြွယ်ဝ​လေ​ဖြစ်၏။


ပညတ်တရား​ကို မနာခံသော​သူတို့​သည် ပြစ်ဒဏ်ပေးခြင်း​ခံရ၏။ ပညတ်တရား​မရှိ​လျှင်မူ ချိုးဖောက်စရာ​လည်း မရှိပေ။


ထို့ကြောင့် ပညတ်တရား​၌​ပါသော​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာ​ကျင့်သုံးခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မဟုတ်။ ပညတ်တရား​သည် ကျွန်ုပ်တို့​မည်မျှ အပြစ်​ရှိကြောင်း​ကို သိ​ရန်သာ ဖော်ပြ၏။


ထို့ကြောင့် ဘုရားသခင်​သည် ထို​သူတို့​အား ရှက်ဖွယ်ကောင်းသော​ကိလေသာ​လက်သို့ အပ်လိုက်တော်မူ၏။ အမျိုးသမီးများ​ပင်လျှင် သဘာဝ​နှင့်​လျော်ညီသော ဆက်ဆံခြင်း​ကို စွန့်​၍ သဘာဝ​နှင့် ဆန့်ကျင်သော ဆက်ဆံခြင်း​၌ မွေ့လျော်ကြ၏။


အသွေးအသား​အားဖြင့် မွေးဖွားသူ​သည် အသွေးအသား​ဖြစ်၏။ သို့သော် ဝိညာဉ်တော်​အားဖြင့် မွေးဖွားသူ​သည် ဝိညာဉ်​ဖြစ်၏။


ဆိုးညစ်သော​ကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ခိုးခြင်း၊ မမှန်သော​သက်သေ​ထွက်ဆိုခြင်း၊ စော်ကား​ပြောဆိုခြင်း စသည်တို့​သည် စိတ်နှလုံး​မှ ထွက်လာ၏။


ကျွန်ုပ်တို့​သည် လောကီသားများ​အဖြစ် ပြုမူနေထိုင်​သော်လည်း လောကီသားများ​က မိမိတို့​၏ ရန်ဘက်များ​ကို ဆန့်ကျင်​တိုက်ခိုက်​သကဲ့သို့ ကျွန်ုပ်တို့​မတိုက်ခိုက်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ