မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ရောမ 8:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူသည် ဘုရားသခင်၏ ပညတ်တရားကို မလိုက်နာ။ လိုက်နာနိုင်စွမ်းလည်း မရှိ။ Common Language Bible ဇာတိသဘောဆိုင်ရာအရာများကိုစိတ်စွဲ လမ်းသူသည် ဘုရားသခင်အားရန်ဖက်ပြုသူ ဖြစ်၏။ ထိုသို့စိတ်စွဲလမ်းသူသည်ဘုရားသခင် ၏တရားတော်ကိုမလိုက်လျှောက်။ အကယ်ပင် မလိုက်လျှောက်နိုင်။- Garrad Bible ရုပ် ခ န္ဓာ ကို စွဲ လမ်း ခြင်း သည် ဘု ရား သ ခင် နှင့် ရန် ဘက် ဖြစ် လျက် ဘု ရား သ ခင့် ပ ညတ် တ ရား ကို မ ခံ မ ယူ နိုင် ဘဲ နေ သည့် အ လျောက် ရုပ် ခ န္ဓာ အောက် နေ သူ တို့ သည်၊ Judson Bible အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။ |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
အသေးနုပ်ဆုံးသောပညတ်တော်ကို ချိုးဖောက်၍ သူတစ်ပါးကို ထိုနည်းတူ ချိုးဖောက်ရန် သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အသေးနုပ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ၍ သူတစ်ပါးကို သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။
လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
သူတို့သည် အသရေပျက်အောင်ပြောဆိုသူများ၊ ဘုရားသခင်ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှုဖန်တီးသူများ၊ မိဘစကားနားမထောင်သူများဖြစ်ကြ၏။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။
ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။
တစ်ချိန်က သင်တို့သည် ဘုရားသခင်နှင့် ကင်းကွာပြီး စိတ်နှလုံးသားထဲ၌ ကိုယ်တော်ကို ရန်ဘက်ပြု၍ ဆိုးရွားစွာ ပြုမူနေထိုင်ခဲ့ကြ၏။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
သစ္စာမရှိသောသူတို့… လောကနှင့်မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်ကြောင်း နားမလည်ကြသလော။ ထို့ကြောင့် လောကနှင့် မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။