Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 မြွေဆိုး​အမျိုးတို့… ဆိုးသွမ်းသော​သင်တို့​သည် ကောင်းမြတ်​၍ မှန်ကန်သော​စကား​ကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံး​ထဲ၌ ပြည့်​နေသော​အရာများ​ကို နှုတ်​ဖြင့် ထုတ်ဖော်​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 အ ချင်း မြွေ ဆိုး သား တို့ စိတ် နှ လုံး ပြည့် လျှံ သည့် အ တိုင်း နှုတ် က မြွက် တတ် သည် ဖြစ်၍ ဆိုး သွမ်း သော သင် တို့ သည် ကောင်း သော စ ကား ကို မည် သို့ ပြော ဆို နိုင် မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက် ကောင်း​သော​အရာ​ကို မည်သို့​ပြောဆို​နိုင်​မည်နည်း။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:34
28 ပူးပေါင်းရင်းမြစ်များ  

ကောင်းသော​သူ​သည် ကောင်းသော​အရာများ​ကို ကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ မကောင်းသော​သူ​သည်လည်း မကောင်းသော​အရာများ​ကို မကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။


သို့သော် ခံတွင်း​မှ ထွက်သော​စကား​သည် စိတ်နှလုံး​မှ ထွက်လာ​သဖြင့် လူ​ကို ညစ်ညမ်းစေ၏။


မြွေဆိုး​နှင့် မြွေပွေး​အမျိုးတို့… သင်တို့​သည် ငရဲ​သို့​သွားရမည့် အပြစ်ဒဏ်​မှ မည်သို့​လွတ်နိုင်ကြမည်နည်း။


ဖာရိရှဲများ​နှင့် ဇဒ္ဒုကဲတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာကြသည်​ကို ယောဟန်​မြင်​သောအခါ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏ အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​ကို မည်သူ​က သတိပေးခဲ့သနည်း။


နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်ရှိလာသော​ပရိသတ်တို့​အား ယောဟန်​ဟောပြောသော​စကားများ​မှာ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏​အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​အား မည်သူ​က သတိပေးခဲ့သနည်း။


ကောင်းသော​သူ​သည် ကောင်းသော​အရာများ​ကို ကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ မကောင်းသော​သူ​သည်လည်း မကောင်းသော​အရာများ​ကို မကောင်းသော​စိတ်နှလုံး​ဘဏ္ဍာတိုက်​အတွင်း​မှ ထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ​တွင် ပြည့်နေသည့်​အရာများ​ကို နှုတ်​မှ​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။


သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


သင်တို့​၏ နှုတ်​မှ ဆိုးညစ်သော​စကား တစ်ခွန်း​ကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့​အတွက် အကျိုးရှိ​စေရန် အချိန်အခါ​ကို ကြည့်​၍ ကောင်းသော​စကား​ကို အပြုသဘော​နှင့် ပြောကြလော့။


မဖွယ်မရာ​စကား၊ အနှစ်သာရ​မရှိသော​စကား၊ ညစ်ညမ်းသော​ပြက်လုံးတို့​သည်လည်း မသင့်လျော်​သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်​အား ကျေးဇူးတင်သော​စကားများ​ကိုသာ ပြောဆိုကြလော့။


ကျွန်ုပ်တို့​အားလုံး​သည် နည်း​အမျိုးမျိုး​ဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို​၌ အမှားအယွင်း​မရှိသောသူ​သည် ပြီးပြည့်စုံသော​သူ​ဖြစ်၏။ ထို​သူ​သည် မိမိ​တစ်ကိုယ်လုံး​ကို ချုပ်တည်းနိုင်သော​သူ​ဖြစ်၏။


ဤသို့ဖြင့် ဘုရားသခင်​၏ သားသမီးများ​နှင့် မာရ်နတ်​၏​သားသမီးများ​ကို ခွဲခြား​၍ သိနိုင်ကြ၏။ ဖြောင့်မတ်​စွာ မပြုမူသောသူ၊ မိမိ​ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် ဘုရားသခင်​၏ သားသမီး​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ