ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ရောမ 8:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။ Common Language Bible မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။- Garrad Bible သား တော် ရင်း ကို မ ငြင်း ဘဲ ငါ တို့ ရှိ သ မျှ အ ဖို့ အပ် တော် မူ လိုက် သော အ ရှင် သည် သား တော့် ပြင် အ ရာ ရာ ကို မ ပေး ဘဲ မည် သို့ နေ တော် မူ အံ့ နည်း။ Judson Bible မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလိုငှာ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။ |
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူလျှင် သင့်ကိုလည်း ညှာတာတော်မူမည်မဟုတ်သောကြောင့် ဖြစ်၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည် ဤလောက၏ဝိညာဉ်ကို ရရှိကြသည်မဟုတ်။ ဘုရားသခင်ရက်ရောစွာပေးတော်မူသောအရာကို သိမြင်နိုင်ရန်အတွက် ဘုရားသခင်ထံမှလာသော ဝိညာဉ်တော်ကို ရရှိကြ၏။
ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်အပေါ် ထားသော ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မဆိုလို။ ကျွန်ုပ်တို့၏ အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် သားတော်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်တို့အပေါ်ထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆိုလို၏။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။