Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မူလ​အကိုင်းအခက်များ​ကို ညှာတာတော်မမူ​လျှင် သင့်​ကိုလည်း ညှာတာတော်မူမည်​မဟုတ်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သို့ ရာ တွင် ဘု ရား သ ခင် သည် ပြ က တေ့ ရှိ ရင်း အ ကိုင်း အ ခက် များ ကို ညှာ တော် မ မူ လျှင် သင့် အား လည်း ညှာ တော် မ မူ မည် ကို ထောက်၍ စိတ် နေ မ မြင့် ဘဲ ကြောက် ရွံ့ ခြင်း ရှိ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​က​တိ​အ​ခက်​များ​ကို နှ​မြော​တော်​မ​မူ​လျှင်၊ သင်​တို့​ကို နှ​မြော​တော်​မူ​မည်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 အကြောင်းမူကား ဘုရားသခင်​သည် မူလ​အကိုင်းအခက်​များ​ကို ညှာတာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာတာ​တော်မူ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:21
10 ပူးပေါင်းရင်းမြစ်များ  

အချို့သော​အကိုင်းအခက်များ ခုတ်ဖြတ်​ခံရပြီး သံလွင်ပင်​အရိုင်း​ဖြစ်သော သင့်​ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခု​သင်​သည် သံလွင်ပင်​အမြစ်​၏ အဆီအနှစ်​ကို မျှဝေခံစားရ၏။


သင်​က “ကျွန်ုပ်​ကို ကိုင်းဆက်ကူး​ရန်အတွက် ထို​အကိုင်းအခက်တို့​ကို ခုတ်ဖြတ်ပြီ” ဟု ဆို​လိမ့်မည်။


မှန်ပေ၏။ သူတို့​သည် ခရစ်တော်​ကို မယုံကြည်​သောကြောင့် ခုတ်ဖြတ်ခြင်း​ခံရ​ပြီး သင်​ကမူ ယုံကြည်​သောကြောင့် တည်နေ၏။ ထို့ကြောင့် မာန​မထောင်လွှားဘဲ ကြောက်ရွံ့လော့။


ထို့ကြောင့် ဘုရားသခင်​သည် မည်မျှ​ကျေးဇူးပြု​တော်မူတတ်ကြောင်း​နှင့် မည်မျှ​ပြင်းထန်​စွာ စီရင်​တော်မူတတ်ကြောင်း​ကို သိမှတ်ကြလော့။ မနာခံသော​သူတို့​အပေါ် ပြင်းထန်​စွာ စီရင်တော်မူ၏။ သို့သော် သင်​သည် ဘုရားသခင်​၏ ကျေးဇူးပြုခြင်း​ကို ဆက်​၍ ယုံကြည်​လျှင် သင့်​အပေါ် ကျေးဇူးပြုတော်မူ​လိမ့်မည်။ ဆက်​၍ မယုံကြည်​လျှင်​မူ သင်​သည်လည်း ခုတ်ဖြတ်ခြင်း​ခံရ​လိမ့်မည်။


ကျွန်ုပ်တို့​အားလုံး​အတွက် မိမိ​သားတော်​ရင်း​ကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်​သည် ထို​သားတော်​နှင့်တကွ ရှိသမျှ​အရာခပ်သိမ်း​ကိုလည်း ကျွန်ုပ်တို့​အား မပေးဘဲ နေတော်မူမည်လော။


ဤ​အရာ​အားလုံး​ကို သင်တို့​သိပြီး​သော်လည်း သင်တို့​အား ကျွန်ုပ်​သတိပေး​လို၏။ တစ်ချိန်​က သခင်ဘုရား​သည် အစ္စရေးလူမျိုးတို့​ကို အီဂျစ်ပြည်​မှ ကယ်နုတ်ခဲ့​ပြီးနောက် မယုံကြည်သောသူများ​ကို ဖျက်ဆီးတော်မူခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ