“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။
ရောမ 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။ Common Language Bible ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။- Garrad Bible သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသောငါတို့သည် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကိုရရှိကြ၏။ |
“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။
“အသင်မြို့တော်… သင်၏ငြိမ်းချမ်းသာယာမှုကို ဖြစ်စေသည့်အရာများကို ယနေ့ပင် သင်သည် သိမြင်ခဲ့ပါက မင်္ဂလာရှိ၏။ သို့သော် ယခုမှာမူ ထိုအရာများကို သင်၏မျက်စိရှေ့မှ ဝှက်ထားလျက်ရှိ၏။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
အဘယ်ကြောင့်ဆိုသော် လူသည် စိတ်နှလုံးဖြင့် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး နှုတ်ဖြင့် ဝန်ခံ၍ ကယ်တင်ခြင်းခံရသောကြောင့် ဖြစ်၏။
ဟောပြောရန် စေလွှတ်ခြင်း မခံရလျှင် မည်သို့ ဟောပြောနိုင်မည်နည်း။ ကျမ်းစာ၌ “သတင်းကောင်းကို ယူဆောင်လာသောသူတို့၏ ခြေတို့သည် အလွန်တင့်တယ်ပေ၏” ဟု ရေးသားထား၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော။ အာမင်။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။
သို့ဖြစ်၍ အာဒံ၏ အပြစ်တစ်ခုကြောင့် လူအပေါင်းတို့သည် ပြစ်ဒဏ်ချမှတ်ခံရသကဲ့သို့ ခရစ်တော်၏ ဖြောင့်မတ်ခြင်းတစ်ခုကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရပြီး အသက်ရှင်ခွင့်ကိုရကြ၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ထိုအကြောင်းအရာများမှာ မည်သို့ ဆိုလိုသနည်း။ လူမျိုးခြားတို့မှာ ဘုရားသခင်သတ်မှတ်တော်မူသည့် ဖြောင့်မတ်ခြင်းစံနှုန်းတို့ကို မီအောင် မလိုက်နိုင်သော်လည်း ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရကြ၏။ ထိုသို့ သတ်မှတ်ခံရခြင်းမှာ ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
ယခုမှာ ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ကျွန်ုပ်တို့သည် အုပ်ထိန်းသူလက်အောက်၌ မရှိကြတော့ပေ။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
ဤသည်မှာ ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြု၍ သာလွန်ထူးကဲသော ကျေးဇူးတော်၏ကြွယ်ဝခြင်းကို အနာဂတ်အစဉ်အဆက်တွင် ဖော်ပြရန် ဖြစ်၏။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
လက်ဝါးကပ်တိုင်၌ သွန်းသော သားတော်၏သွေးတော်ဖြင့် ရန်ကို ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသော အရာဖြစ်စေ၊ မြေကြီးပေါ်၌ရှိသော အရာဖြစ်စေ အရာအားလုံးကို မိမိနှင့် ပြန်လည်သင့်မြတ်စေရန် အလိုရှိတော်မူ၏။
သင်တို့သည် ကိုယ်ခန္ဓာတစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ခြင်းခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းသည် သင်တို့၏ နှလုံးသား၌ စိုးမိုးပါစေသော။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြလော့။
ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်ကိုယ်တိုင်သည် သင်တို့ကို အကြွင်းမဲ့သန့်ရှင်းစေတော်မူပါစေသော။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာသည့်တိုင်အောင် သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို အပြစ်ဆိုဖွယ်မရှိစေရန် စောင့်ရှောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် သခင်ဘုရား ကိုယ်တော်တိုင်သည် သင်တို့ကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းခြင်းကို အစဉ်ပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်