Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 19:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 “အသင်​မြို့တော်… သင်​၏​ငြိမ်းချမ်းသာယာမှု​ကို ဖြစ်စေသည့်​အရာများ​ကို ယနေ့​ပင် သင်​သည် သိမြင်ခဲ့​ပါက မင်္ဂလာရှိ၏။ သို့သော် ယခု​မှာမူ ထို​အရာများ​ကို သင်​၏​မျက်စိ​ရှေ့မှ ဝှက်ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 “သင်​သာ ငြိမ်သက်​ခြင်း​ကို​ရ​စေ​သည့်​အရာ​တို့​ကို ယနေ့​ပင်​သိ​ခဲ့​လျှင်... သို့ရာတွင် ထို​အရာ​သည် ယခု​သင်​၏​မျက်စိ​ရှေ့မှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 19:42
35 ပူးပေါင်းရင်းမြစ်များ  

ဂျေရုဆလင်မြို့​နှင့် နီးလာ​သောအခါ ယေရှု​သည် မြို့တော်​ကို​မြင်​၍ ငိုကြွေးတော်မူ​လျက်


သင်​၏​ရန်သူများ​သည် သင့်​ပတ်လည်​တွင် တပ်ချ​၍ သင့်​ကို​ဝန်းရံ​လျက် အဘက်ဘက်​မှ တိုက်ခိုက်သော​အချိန် ရောက်လာ​လိမ့်မည်။


သင်​နှင့် သင်​၏​သားသမီးများ​ကို မြေ​ပေါ်တွင် ဖိကြိတ်ကြ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်​လိမ့်မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​ကို မသိမမှတ်​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် အရာခပ်သိမ်းတို့​၏​အရှင်သခင်​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်းချမ်းခြင်း​တရား​ကို​ဟောပြော​၍ အစ္စရေးလူမျိုးတို့​အား ပေးပို့သည့်​နှုတ်တော်ထွက်စကား​ကို သင်တို့​သိကြ၏။


ထိုအခါ ပေါလု​နှင့် ဗာနဗ​တို့​သည် ရဲရင့်​စွာ ဟောပြောကြသည်​မှာ “ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို သင်တို့​ထံ​ဦးစွာ ဟောပြောရ၏။ သို့သော် ထို​အရာ​ကို​သင်တို့​သည် ငြင်းပယ်​၍ ထာဝရ​အသက်​သည် သင်တို့​နှင့်​မထိုက်တန်ကြောင်း မှတ်ယူ​ဆုံးဖြတ်​သောကြောင့် ယခု​ကျွန်ုပ်တို့​သည် လူမျိုးခြားများ​ဆီသို့ ဦးတည်ကြ၏။


သင်တို့​သည် အပြစ်​၏​လှည့်စားမှု​ကြောင့် ခေါင်းမာသူများ​မဖြစ်​ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။


ကျမ်းစာ​၌ “ယနေ့ ကိုယ်တော်​၏​အသံ​ကို​ကြားလျှင် သင်တို့​၏ ဘိုးဘေးများ ပုန်ကန်​စဉ်က ခေါင်းမာ​သကဲ့သို့ သင်တို့​သည် ခေါင်းမမာကြနှင့်” ဟု ဖော်ပြထား၏။


ထို့ကြောင့် သန့်ရှင်းသော​ဝိညာဉ်တော်​မိန့်တော်မူသည်​မှာ “ယနေ့ သင်တို့​သည် ကိုယ်တော်​၏​အသံ​ကို ကြား​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ