သူသည် ကြေနေသောကျူပင်ကို မချိုး။ တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။ အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။
ရောမ 14:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။ Common Language Bible ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။- Garrad Bible ယုံ ကြည် ခြင်း အား နည်း သူ့ ကို လက် ခံ ရာ တွင်၊ သူ့ စေ တ နာ ကို အ ပြစ် မ တင် ရ။ Judson Bible ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဖွယ်သော ပြဿနာတို့ကို ထိုသူနှင့် မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။- မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။ |
သူသည် ကြေနေသောကျူပင်ကို မချိုး။ တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။ အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။
ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
ထိုသူသည် ဤကလေးငယ်များထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစရာအကြောင်း ဖြစ်စေခြင်းထက် လည်၌ ကြိတ်ဆုံကျောက်ကို ဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းသည် သူ့အတွက် ပို၍ကောင်း၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
ကျွန်းသူကျွန်းသားများက ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာကြ၏။ မိုးရွာ၍ ချမ်းအေးသောကြောင့် သူတို့သည်မီးဖိုပေးလျက် ကျွန်ုပ်တို့အားလုံးကို ကြိုဆိုဧည့်ခံကြ၏။
သူတို့ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်းသည် လောကီသားတို့အား ပြန်လည်သင့်မြတ်ခွင့်ကို ဖြစ်စေလျှင် သူတို့ကို လက်ခံတော်မူခြင်းသည် ပို၍ပင် အံ့ဖွယ်ဖြစ်လိမ့်မည်။ သေလွန်သောသူတို့ အသက်ပြန်ရှင်သကဲ့သို့ပင် ဖြစ်လိမ့်မည်။
ဥပမာဆိုရလျှင် တချို့က အစားအစာအားလုံးကို စား၍ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်းအားနည်းသူသည် ဟင်းသီးဟင်းရွက်ကိုသာ စား၏။
အသားစားခြင်း၊ စပျစ်ဝိုင်သောက်ခြင်းစသော သင်၏ ညီအစ်ကိုမောင်နှမတစ်ဦးဦး တိုက်မိ၍လဲစရာဖြစ်စေမည့် အရာမှန်သမျှကို ရှောင်သင့်၏။
အစားအစာအားလုံးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို အပြစ်မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီဖြစ်သောကြောင့်ပင်။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
ထို့ကြောင့် ခရစ်တော်သည် သင်တို့ကို လက်ခံကြိုဆိုတော်မူသကဲ့သို့ သင်တို့သည်လည်း ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန် အချင်းချင်း လက်ခံကြိုဆိုကြလော့။
အာဗြဟံသည် အသက်တစ်ရာခန့်ရှိ၍ မိမိခန္ဓာသည် အသေကဲ့သို့ရှိကြောင်းနှင့် မိမိဇနီးစာရာ၏ ဝမ်းသည် မြုံကြောင်းကို ဆင်ခြင်မိသောအခါ၌ပင်လျှင် ယုံကြည်ခြင်းမလျော့နည်းခဲ့ပေ။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။
သို့ဖြစ်၍ သခင်ဘုရား၏လူ ဖြစ်သည်ကို ထောက်လျက် သူ့အား အလွန်ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သောလူတို့ကို ရိုသေကြလော့။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
မာသောအစားအစာမှာ အရွယ်ရောက်သောသူများအတွက်ဖြစ်ပြီး ထိုသူတို့သည် အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် လေ့ကျင့်ထားသည့်သူများဖြစ်၏။
တစ်စုံတစ်ယောက်သည် သင်တို့ထံသို့ လာ၍ ဤသွန်သင်ချက်ကို မဝေမျှလျှင် ထိုသူကို သင်တို့အိမ်သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်းလည်း မဆက်ကြနှင့်။