Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 4:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အာဗြဟံ​သည် အသက်​တစ်ရာ​ခန့်​ရှိ​၍ မိမိ​ခန္ဓာ​သည် အသေ​ကဲ့သို့​ရှိကြောင်း​နှင့် မိမိ​ဇနီး​စာရာ​၏ ဝမ်း​သည် မြုံကြောင်း​ကို ဆင်ခြင်မိ​သောအခါ​၌​ပင်လျှင် ယုံကြည်ခြင်း​မလျော့နည်းခဲ့ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ထို​အ​ချိန်​၌​အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ ခန့်​ပင်​ရှိ​၍ မိ​မိ​၏​ကိုယ်​ခန္ဓာ​သည်​အ​သေ​ကဲ့​သို့ ဖြစ်​လျက်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ သည်​လည်း​က​လေး​မ​ရ​နိုင်​ကြောင်း​ကို​လည်း ကောင်း​သိ​သော်​လည်း ဘု​ရား​သ​ခင်​အ​ပေါ်​တွင် ယုံ​ကြည်​မှု​ခိုင်​မြဲ​လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ သက် တစ် ရာ ခန့် ရှိ၍ သူ၌ သေ သော ကိုယ် ကို လည်း ကောင်း၊ စာ ရာ၏ သေ သော ဝမ်း ကို လည်း ကောင်း၊ ထောက် ရှု ဆင် ခြင် သော် လည်း ယုံ ကြည် ခြင်း မ လျော့ ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ယုံ​ကြည်​အား​ကြီး​သည်​ဖြစ်၍ မိ​မိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​လောက်​ရှိ​သ​ဖြင့်၊ မိ​မိ​ကိုယ်​သည် အ​သေ​ကဲ့​သို့ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​ခင်​ပွန်း စာ​ရာ၏​ဝမ်း​သည် သေ​ကြောင်း​ကို​လည်း​ကောင်း မ​အောက်​မေ့၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​သည် အသက်​တစ်ရာ​ခန့်​ရှိ​၍ မိမိ​ကိုယ်ခန္ဓာ​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​ကြောင်း​ကို​လည်းကောင်း၊ စာရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်းကောင်း ဆင်ခြင်​အောက်မေ့​သော်လည်း ယုံကြည်​ခြင်း​၌ အားနည်း​ခြင်း​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 4:19
11 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “လာခဲ့လော့” ဟု မိန့်တော်မူ​သော် ပေတရု​သည် လှေ​ပေါ်မှ​ဆင်း​၍ ရေ​ပေါ်သို့​လျှောက်​ကာ ယေရှု​ထံသို့ လှမ်းသွားလေ၏။


ယေရှု​က ချက်ချင်း​ပင် လက်တော်​ကို​ဆန့်​၍ ပေတရု​အား ဖမ်းဆုပ်​လျက် “ယုံကြည်ခြင်း​အားနည်းသော​သူ… အဘယ်ကြောင့် သံသယစိတ်​ဝင်သနည်း” ဟု မိန့်တော်မူ၏။


ယုံကြည်ခြင်း​အားနည်းသော​သူတို့… ယနေ့​ရှင်သန်​၍ မနက်ဖြန်​မီးဖို​ထဲသို့ ပစ်ချခံရသည့် တောပန်းပင်​ကို ဘုရားသခင်​သည် ထို​မျှ​ဆင်မြန်းတော်မူ​လျှင် သင်တို့​ကို သာ​၍ ဆင်မြန်းတော်မူမည်​မဟုတ်လော။


ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ