Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 14:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ယေရှု​က ချက်ချင်း​ပင် လက်တော်​ကို​ဆန့်​၍ ပေတရု​အား ဖမ်းဆုပ်​လျက် “ယုံကြည်ခြင်း​အားနည်းသော​သူ… အဘယ်ကြောင့် သံသယစိတ်​ဝင်သနည်း” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ယေ ရှု သည် ချက် ခြင်း လက် ဆန့်၍ ကိုင် တော် မူ လျက် ယုံ ကြည် ခြင်း နည်း ပါး သူ၊ အ ဘယ့် ကြောင့် ယုံ မှား သ နည်း ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:31
23 ပူးပေါင်းရင်းမြစ်များ  

သို့သော် လေပြင်းသည်​ကို မြင်​သောအခါ ကြောက်လန့်​၍ ရေနစ်​စပြု​သဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။


ထို့နောက် သူတို့​သည် လှေ​ပေါ်သို့ တက်ကြ​သောအခါ လေ​ငြိမ်သွားလေ၏။


ထိုသို့​ပြောဆိုကြသည်​ကို ယေရှု​သိတော်မူ​သဖြင့် “ယုံကြည်ခြင်း​အားနည်းသော​သူတို့… သင်တို့​၌ စားစရာ​မပါသည့်​အကြောင်း​ကို အဘယ်ကြောင့်​ပြောဆိုနေကြသနည်း။


ယေရှု​က “သင်တို့​၏ ယုံကြည်ခြင်း​သည် အားနည်း​သောကြောင့်​ဖြစ်၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့​လိမ့်မည်။ ယုံကြည်ခြင်း​ရှိ​ပါက သင်တို့​မတတ်နိုင်သော​အရာ​မရှိ။


ယုံကြည်ခြင်း​အားနည်းသော​သူတို့… ယနေ့​ရှင်သန်​၍ မနက်ဖြန်​မီးဖို​ထဲသို့ ပစ်ချခံရသည့် တောပန်းပင်​ကို ဘုရားသခင်​သည် ထို​မျှ​ဆင်မြန်းတော်မူ​လျှင် သင်တို့​ကို သာ​၍ ဆင်မြန်းတော်မူမည်​မဟုတ်လော။


ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။


ကိုယ်တော်​သည် ကြွလာ​၍ ထို​အမျိုးသမီး​၏ လက်​ကို ကိုင်​လျက် ထူမတော်မူ၏။ ထိုအခါ သူ​သည် အဖျားပျောက်​၍ သူတို့​အား ဧည့်ခံလေ၏။


ယေရှု​သည် သနားတော်မူ​သဖြင့် လက်တော်​ကို ဆန့်​၍ ထို​သူ​ကို တို့ထိတော်မူ​ပြီးလျှင် “ငါ​အလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ တစ်စုံတစ်ဦး​သည် သံသယစိတ်​မထားဘဲ မိမိ​ပြောသည့်​အတိုင်း​ဖြစ်မည်​ဟု ယုံကြည်​လျက် ဤ​တောင်​ကို ‘ဤ​နေရာ​မှ ရွေ့​ကာ ပင်လယ်​သို့ ကျလော့’ ဟု ပြော​လျှင် ပြောသည့်​အတိုင်း ဖြစ်​လိမ့်မည်။


ယခု သင်တို့​သည် ပေတရု အပါအဝင်၊ တပည့်တော်တို့​ထံသို့ သွား​၍ ‘ယေရှု​သည် သင်တို့​ထက်​ဦးစွာ ဂါလိလဲပြည်​သို့ ကြွတော်မူမည်။ အသေခံတော်​မမူမီ မိန့်တော်မူသည့်​အတိုင်း သင်တို့​သည် သူ့​ကို ထို​နေရာ​၌ တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။


ထို့နောက် ယေရှု​က တပည့်တော်တို့​အား “သင်တို့​သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြ​သေးသလော” ဟု မေးတော်မူ၏။


ကိုယ်တော်​သည် မိန်းကလေး​၏ လက်​ကို​ကိုင်တော်မူ​လျက် “တာလိတကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်မှာ “မိန်းကလေး… ထလော့” ဟု ဆိုလို၏။


စုရုံးနေကြသော​သူများ​က “သခင်​သည် အမှန်တကယ် ရှင်ပြန်​ထမြောက်တော်မူပြီ။ ရှိမုန်​ကိုလည်း​ကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။


အို ဘုရားသခင်… လူများ​ကို ကျန်းမာ​စေရန် လက်တော်​ကို ဆန့်တော်မူ​စဉ် သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​၏​အမည်​နာမ​အားဖြင့် နိမိတ်​လက္ခဏာများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်​ထံ ဆုတောင်းကြ၏။


ကိုးကွယ်သည့်​နေရာ​တိုင်း​၌ အမျိုးသားတို့​သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်း​စွာ နေထိုင်​၍ မိမိတို့​၏ လက်​ကို မြှောက်​လျက် ဆုတောင်းကြ​ရန် ကျွန်ုပ်​အလိုရှိ၏။


သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​သောကြောင့် နောက်ဆုံးသော​ကာလ​၌ ပေါ်လွင်ထင်ရှား​ရန် အသင့်​ရှိသော ကယ်တင်ခြင်း​ကို ရရှိခံစား​နိုင်မည့်​အချိန်​တိုင်အောင် ဘုရားသခင်​သည် မိမိ​၏​တန်ခိုးတော်​ဖြင့် သင်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ