Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 သူတို့​ကို ဘုရားသခင် စွန့်ပယ်တော်မူခြင်း​သည် လောကီသားတို့​အား ပြန်လည်​သင့်မြတ်ခွင့်​ကို ဖြစ်စေ​လျှင် သူတို့​ကို လက်ခံတော်မူခြင်း​သည် ပို၍​ပင် အံ့ဖွယ်​ဖြစ်​လိမ့်မည်။ သေလွန်သော​သူတို့ အသက်​ပြန်ရှင်​သကဲ့သို့​ပင် ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သူ တို့ ကွာ ဝေး ရ ခြင်း ဖြင့် ဤ လော က သည် မိတ် သ ဟာ ယ ဖွဲ့ ခွင့် ရ သည် မှန် က သူ တို့ ပြန် ဝင် ခြင်း ဖြင့် သေ ခြင်း မှ ရှင် ခွင့် ရ မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သူ​တို့​ကို ပယ်​တော်​မူ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အ​ကြောင်း​ဖြစ်​လျှင်၊ သူ​တို့​ကို သိမ်း​ဆည်း​တော်​မူ​ခြင်း​အ​ရာ​သည် သေ​ခြင်း​မှ ထ​မြောက်​ရှင်​ပြန်​ခြင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အကြောင်းမူကား သူ​တို့​ပစ်ပယ်​ခံရ​ခြင်း​သည် လောကီသား​တို့​အတွက် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်ခံ​ခြင်း​သည် သေလွန်​သော​သူ​တို့​အသက်​ပြန်ရှင်​ခြင်း​ဖြစ်​လိမ့်မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:15
14 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​သည် ယခင်​က သေဆုံး​သော်လည်း ယခု အသက်​ပြန်ရှင်ပြီ။ ယခင်​က ပျောက်ဆုံး​သော်လည်း ယခု​ပြန်တွေ့ပြီ’ ဟု ဆို​၍ ပွဲ​ကျင်းပကြလေ၏။


သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


ယုံကြည်ခြင်း​အားနည်းသော​သူ​ကို လက်ခံကြလော့။ သူ​၏ ထင်မြင်​ယူဆချက်များ​ကို သူ​နှင့် မငြင်းခုံကြနှင့်။


အစားအစာ​အားလုံး​ကို စားသောသူ​သည် မစားသောသူ​ကို မထီမဲ့မြင်​မပြုနှင့်။ မစားသောသူ​သည်လည်း စားသောသူ​ကို အပြစ်​မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူ့​ကို လက်ခံတော်မူပြီ​ဖြစ်​သောကြောင့်​ပင်။


ထို​အကြံအစည်တော်​သည် အချိန်ကျ​သောအခါ ကောင်းကင်​နှင့် မြေကြီး​၌ ရှိသမျှသော​အရာ​အားလုံး​ကို ခရစ်တော်​၏ အာဏာစက်​အောက်​၌ ပေါင်းစည်း​စေရန် ဖြစ်၏။


သို့သော် သုံးရက်ခွဲ​ကြာ​ပြီးနောက် ဘုရားသခင်​ထံမှ အသက်​ဝိညာဉ်​သည် ထို​သူတို့​ထဲသို့ ဝင်ရောက်​၍ သူတို့​သည် ထရပ်ကြ၏။ ထို​နှစ်ပါး​ကို မြင်သော​လူတို့​သည် ထိတ်လန့်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ