နေရာတိုင်း၌ မတရားမှုပြုသောသူတို့သည် များပြားလာသောကြောင့် လူများစွာတို့၏ ချစ်ခြင်းမေတ္တာသည်လည်း ခေါင်းပါးလာလိမ့်မည်။
ရောမ 12:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မပျင်းရိဘဲ အလုပ်ကို ကြိုးစား၍ စိတ်အားထက်သန်စွာ ဘုရားသခင်ကို အစေခံကြလော့။ Common Language Bible မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။- Garrad Bible မ ဖင့် မ နွှဲ လုံ့ လ ထုတ် လျက်၊ စိတ် စေ တ နာ ထက် သန် လျက်၊ အ ရှင် ဘု ရား၏ အ စေ တော် ကို ခံ လျက်၊ Judson Bible အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့ လိုက်၍ အားထုတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။ |
နေရာတိုင်း၌ မတရားမှုပြုသောသူတို့သည် များပြားလာသောကြောင့် လူများစွာတို့၏ ချစ်ခြင်းမေတ္တာသည်လည်း ခေါင်းပါးလာလိမ့်မည်။
ထိုအခါ သခင်ကလည်း ‘မိုက်မဲ၍ ပျင်းရိသောအစေခံ… ငါသည် မိမိမစိုက်ပျိုးသောအရပ်မှ ရိတ်သိမ်းတတ်ပြီး မိမိမကြဲဖြန့်သောအရပ်မှ စုသိမ်းတတ်ကြောင်း သင်သိလျှင်
သခင်ဘုရား၏တရားလမ်းကို သင်ယူလေ့လာပြီး ဟောပြောရာ၌ စိတ်အားထက်သန်၍ ယေရှု၏အကြောင်းအရာများကို တိကျမှန်ကန်စွာ သွန်သင်လျက်နေ၏။ သို့သော် သူသည် ယောဟန်၏နှစ်ခြင်းမင်္ဂလာအကြောင်းကိုသာ သိ၏။
ဂျူးတို့၏မကောင်းသောအကြံစည်များအားဖြင့် ကျွန်ုပ်ထံရောက်လာသော နှောင့်ယှက်မှုများကို သည်းခံလျက်နှင့်ပင် နှိမ့်ချ၍ မျက်ရည်များကျကာ သခင်ဘုရားအား အစေခံခဲ့၏။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
သခင်ဖြစ်သူတို့… သင်တို့သည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သခင်၏ ကျွန်များဖြစ်ကြောင်းကို သိမှတ်လျက် မိမိတို့၏ ကျွန်များကို မှန်မှန်ကန်ကန်နှင့် တရားမျှတစွာ ပြုမူဆက်ဆံကြလော့။
ထို့ပြင် သူတို့သည် တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်ကာ ပျင်းရိသောအကျင့် ရှိလာကြ၏။ ပျင်းရိသည်သာမက အတင်းအဖျင်းပြောလျက် မပြောသင့်သည့်အရာကို ပြော၍ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်ကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
ထို့ကြောင့် သင်တို့သည် ကျန်းမာခွင့်ရရန် မိမိတို့၏အပြစ်များကို အချင်းချင်း ဖွင့်ဟဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးကြီး၍ ထိရောက်၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
သို့သော် သင်သည် အစဦး၌ ချစ်သကဲ့သို့ ယခု မချစ်တော့သဖြင့် သင့်အား အပြစ်ပြောစရာရှိ၏။