တမန်တော်ဝတ္ထု 18:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း25 သခင်ဘုရား၏တရားလမ်းကို သင်ယူလေ့လာပြီး ဟောပြောရာ၌ စိတ်အားထက်သန်၍ ယေရှု၏အကြောင်းအရာများကို တိကျမှန်ကန်စွာ သွန်သင်လျက်နေ၏။ သို့သော် သူသည် ယောဟန်၏နှစ်ခြင်းမင်္ဂလာအကြောင်းကိုသာ သိ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 သခင်ဘုရား၏လမ်းစဉ်တော်အကြောင်းကို စုံလင်စွာလေ့လာသင်ယူထားသူလည်းဖြစ် ၏။ သူသည်သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့်အကြောင်းပြချက်များ ကို စိတ်အားထက်သန်စွာဟောပြောသွန်သင်၏။ သို့သော်သူသည်ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ ကို သာ နား လည် သော် လည်း၊ အ ရှင် ဘု ရား၏ မဂ် လမ်း တော် အ ကြောင်း သွန် သင် ခံ ပြီး သည့် အ လျောက် ယေ ရှု ဆိုင် ရာ အ ကြောင်း များ ကို စိတ် အား ကြီး စွာ အ သေ အ ချာ ဟော ပြော သင် ကြား လေ့ ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible25 သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 သူသည် သခင်ဘုရား၏တရားလမ်းကို သင်ယူထားပြီး ဝိညာဉ်ရေး၌ထက်သန်လျက် ယေရှုအကြောင်းကို တိကျသေချာစွာဟောပြောသွန်သင်လေ၏။ သို့သော် ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။