ဘုရားသခင်က ‘မိဘကို ရိုသေလော့။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’ ဟု မိန့်တော်မူ၏။
ရောမ 1:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အသရေပျက်အောင်ပြောဆိုသူများ၊ ဘုရားသခင်ကို မုန်းတီးသူများ၊ မောက်မာသူများ၊ မာနထောင်လွှားသူများ၊ ကြွားဝါသူများ၊ မကောင်းမှုဖန်တီးသူများ၊ မိဘစကားနားမထောင်သူများဖြစ်ကြ၏။ Common Language Bible သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။- Garrad Bible ကုန်း ချော သူ၊ အ သ ရေ ဖျက် သူ၊ ဘု ရား သ ခင် ရွံ ရှာ သူ၊ စော် ကား သူ၊ မာ န ထောင် လွှား သူ၊ ဝင့် ဝါ သူ၊ ပြစ် မှု ကွန့် မြူး သူ၊ မိ ဘ စ ကား ကို မ လိုက် နာ သူ၊ Judson Bible ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊- မြန်မာ့စံမီသမ္မာကျမ်း ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ |
ဘုရားသခင်က ‘မိဘကို ရိုသေလော့။ မိဘကို ကျိန်ဆဲသောသူသည် အမှန်သေရမည်’ ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများပင်လျှင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့ထဲမှ အချို့သောသူတို့ကို သတ်ကြလိမ့်မည်။
လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။
ယခင်ကလည်း သုဒအမည်ရှိသောသူသည် မိမိကိုယ်မိမိကြီးမြတ်သူတစ်ဦးဖြစ်သည်ဟု ပြောဆိုသဖြင့် လူလေးရာခန့်သည် သူ၏နောက်သို့လိုက်ကြ၏။ သို့သော်လည်း ထိုသူသည် အသတ်ခံရပြီးနောက် သူ၏နောက်လိုက်များသည် လူစုကွဲ၍ ပျောက်ကွယ်သွားကြ၏။
သင်သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုးဟု ဆို၍ ဘုရားသခင်၏ပညတ်တရားကို အမှီပြုလျက် ဘုရားသခင်နှင့် သင်၏ဆက်နွယ်မှုကို ကြွားဝါ၏။
သင်သည် ပညတ်တရားကို သိသည်ဟူ၍ အလွန်ကြွားဝါလျက်နှင့် ထိုတရားကို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်ကို မရိုမသေပြုသလော။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ဆောင်မှုအတိုင်းအတာကို ကျော်လွန်၍ အခြားသူတို့လုပ်ဆောင်ခဲ့သောအရာအပေါ် မကြွားဝါတတ်။ သင်တို့၏ ယုံကြည်ခြင်းအားကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်ကို သင်တို့အကြား ပိုမိုတိုးချဲ့နိုင်ရန် မျှော်လင့်၏။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ထိုသူသည် ဘုရားဟု ခေါ်၍ လူတို့ ကိုးကွယ်ကြသော အရာအားလုံးကို ဆန့်ကျင်လျက် မိမိကိုယ်ကိုယ် ချီးမြှောက်လိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်တွင် ထိုင်လျက် မိမိကိုယ်ကိုယ် ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။
ယခုတွင်မူ သင်တို့သည် လုပ်ဆောင်မည့်အစီအစဉ်အကြောင်း မာနထောင်လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်းမှန်သမျှသည် မကောင်းမှုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ညည်းညူတတ်သူ၊ အပြစ်တင်တတ်သူ၊ မိမိတို့၏ တပ်မက်မှုအတိုင်း ပြုမူတတ်သူ၊ ချဲ့ကားကြွားဝါပြောတတ်သူ၊ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်သူတို့ဖြစ်ကြ၏။