Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 3:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သို့ဖြစ်လျှင် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​အတွက် ကြွားဝါစရာ​ရှိသလော။ မရှိပါ။ ထို​ကြွားဝါစရာ​သည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရခြင်း​မှာ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံး​သောကြောင့်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်​သောကြောင့်​သာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သို့ ဖြစ်၍ ဝါ ကြွား ရန် အ ကြောင်း အ ဘယ် မှာ နည်း။ ပယ် ပ လေ ပြီ။ မည် သို့ သော တ ရား ကြောင့် နည်း။ အ ကျင့် တ ရား ကြောင့် လော။ ယုံ ကြည် ခြင်း တ ရား ကြောင့် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း​ဟု မေး​သော်၊ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို​ပယ်​ပြီ။ အ​ဘယ်​တ​ရား​အား​ဖြင့် ပယ်​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သ​လော။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ပယ်​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သို့ဖြစ်လျှင် ဝါကြွား​စရာ​အဘယ်မှာ​ရှိ​သနည်း။ ၎င်း​သည် ဖယ်ရှား​ခြင်း​ခံရ​လေ​ပြီ။ မည်သည့်​တရား​အားဖြင့် ဖယ်ရှား​သနည်း။ အကျင့်​တရား​အားဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံကြည်​ခြင်း​တရား​အားဖြင့် ဖယ်ရှား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 3:27
26 ပူးပေါင်းရင်းမြစ်များ  

ယုံကြည်​၍ နှစ်ခြင်းမင်္ဂလာ ခံယူသော​သူတို့​သည် ကယ်တင်တော်မူ​ခံရမည်။ သို့သော် ယုံကြည်​ရန် ငြင်းဆိုသော​သူတို့​သည် အပြစ်စီရင်တော်မူ​ခံရမည်။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


ပညတ်တရား​၏ နည်းလမ်း​အရ လူတစ်ဦး​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ထို​ပညတ်​အားလုံး​ကို လိုက်နာရမည်​ဖြစ်ကြောင်း မောရှေ​ရေးသားထား၏။


ထိုသို့ ဘုရားသခင်​သည် ထို​သူတို့​အား ကျေးဇူးတော်​ကို အခြေခံ​၍ ရွေးကောက်တော်မူ၏။ သူတို့​၏ အကျင့်​ကို အခြေခံ​၍ ရွေးကောက်တော်မူသည်​မဟုတ်။ လူ့​အကျင့်​ကို အခြေခံ​၍ ရွေးကောက်တော်မူ​လျှင် ဘုရားသခင်​၏ ကျေးဇူးတော်​သည် အစစ်အမှန်​မဟုတ်တော့ပေ။


သင်​သည် မိမိကိုယ်ကိုယ် ဂျူးလူမျိုး​ဟု ဆို​၍ ဘုရားသခင်​၏​ပညတ်တရား​ကို အမှီပြု​လျက် ဘုရားသခင်​နှင့် သင်​၏​ဆက်နွယ်မှု​ကို ကြွားဝါ၏။


သင်​သည် ပညတ်တရား​ကို သိသည်​ဟူ၍ အလွန်​ကြွားဝါ​လျက်နှင့် ထို​တရား​ကို ချိုးဖောက်ခြင်း​အားဖြင့် ဘုရားသခင်​ကို မရိုမသေ​ပြုသလော။


ပညတ်တရား​၌ ပါ​သမျှသော​ပြဋ္ဌာန်းချက်များ​သည် ထို​ပညတ်တရား​ကို ခံယူရရှိသော​သူတို့​အတွက်​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ပညတ်တရား​၏ ရည်ရွယ်ချက်​မှာ လူတို့​ကို မိမိတို့​၏​အပြစ်​အတွက်​ဆင်ခြေ​မပေး​ရန်​နှင့် လောကီသား​အားလုံး​သည် ဘုရားသခင်​ရှေ့တော်​၌ အပြစ်​ရှိကြောင်း ဖော်ပြ​ရန်​ဖြစ်၏။


သို့သော် ယခု​အချိန်​တွင် ဘုရားသခင်​သည် မိမိ​၏​ဖြောင့်မတ်ခြင်း​ကို ပြသ​ရန် လူတို့​ကျူးလွန်သော​အပြစ်များ​ကို ပြစ်ဒဏ်​ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်​သည် မိမိ​ကိုယ်တိုင်​က ဖြောင့်မတ်တော်မူ​၍ ယေရှု​ကို ယုံကြည်သော​သူတို့​ကိုလည်း ဖြောင့်မတ်စေတော်မူမည့်​အကြောင်း​ကို ဖော်ပြတော်မူ၏။


အကယ်၍ အာဗြဟံ​သည် သူ​၏​အကျင့်သီလ​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​လျှင် သူ​၌ ဂုဏ်ယူ​ဝင့်ကြွားစရာ​ရှိ၏။ သို့ရာတွင် ဘုရားသခင်​ရှေ့တော်​၌ ထိုသို့​ဂုဏ်ယူ​ဝင့်ကြွားစရာ​မရှိ။


ထို့ကြောင့် ကောင်းသော​အပြုအမူ​ကို ပြုလိုသော ကျွန်ုပ်​၌ မကောင်းသော​အပြုအမူ ရှိနေသည်​ဟူသော သဘောတရား​ကို ကျွန်ုပ်​တွေ့ရ၏။


သို့သော်လည်း ကျွန်ုပ်​၏​စိတ်​က နှစ်သက်သော​သဘောတရား​နှင့် ဆန့်ကျင်​တိုက်ခိုက်နေသည့် အခြား​သဘောတရား​တစ်ခု​သည် ကျွန်ုပ်​အတွင်း​၌ ရှိနေ၏။ ထို​သဘောတရား​က ကျွန်ုပ်​အတွင်း​၌ ကိန်းအောင်း​လျက် ရှိနေသေးသော အပြစ်တရား​၏​လက်အောက်​သို့ ကျရောက်စေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ကယ်တင်တော်မူသော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်​၏​စိတ်နှလုံး​အတွင်း​၌ ဘုရားသခင်​၏​ပညတ်တရား​ကို နာခံ​လို​သော်လည်း လူ့​ဗီဇစိတ်​အားဖြင့်​မူ အပြစ်တရား​ကို နာခံ​လျက် နေရ၏။


အဘယ်ကြောင့်ဆိုသော် အသက်​ပေးပိုင်တော်မူသော ဝိညာဉ်တော်​၏ တရား​သည် ယေရှု​ခရစ်တော်​အားဖြင့် သင့်​ကို အပြစ်တရား​နှင့် သေခြင်းတရား​၏ လက်​မှ လွတ်မြောက်စေ​သောကြောင့် ဖြစ်၏။


သို့သော် ထို​သား​နှစ်ဦး မမွေး​မီ​နှင့် ထို​သား​နှစ်ဦး အဆိုး​အကောင်း​တို့​ကို မပြု​မီ​ကပင် ဘုရားသခင်​သည် ရေဗက္က​အား “သင်​၏ သားကြီး​သည် သားငယ်​ထံ၌ အစေခံ​လိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤ​စကားတော်​ကို ထောက်​၍ ဘုရားသခင်​သည် မိမိ​အကြံအစည်တော်​အတိုင်း လူများ​ကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့​သိရ၏။ ထိုသို့ ရွေးချယ်ရာ​တွင် ဘုရားသခင်​သည် လူတို့​၏ အကျင့်သီလ​အဆိုး​အကောင်း​အပေါ် မူတည်​၍ ရွေးချယ်တော်မမူပေ။


သို့သော် ဘုရားသခင်​၏ ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရ​ရန် ကြိုးပမ်းကြသော အစ္စရေးလူမျိုးတို့​မှာ မည်သည့်​အခါမျှ မအောင်မြင်ကြ။


အဘယ်ကြောင့်နည်း။ ထို​သူတို့​သည် ဖြောင့်မတ်ကြောင်း သတ်မှတ်​ခံရ​ရန် ဘုရားသခင်​ကို ယုံကြည်မည့်​အစား ပညတ်တရား​ကို လိုက်နာကျင့်သုံးခြင်း​အားဖြင့် ကြိုးပမ်းကြ​သောကြောင့် ဖြစ်၏။ သူတို့​သည် ကျမ်းစာ​တွင် ဖော်ပြထားသည့် ဆူးငြောင့်ခလုတ်​ဖြစ်သော​ကျောက်​ကို တိုက်မိကြ၏။


မည်သူ​သည် သင့်​ကို အခြားသူ​ထက် ထူးခြား​စေသနည်း။ ဘုရားသခင် ပေးတော်မမူ​လျှင် သင်​၌ မည်သည့်​အရာ​ရှိမည်နည်း။ သင်​၌ ရှိသော​အရာ​မှန်သမျှ​သည် ဘုရားသခင်​ထံတော်​မှ ဖြစ်​ပါလျက်နှင့် ဘုရားသခင်​ထံတော်​မှ ရရှိသည့်​အရာ​မဟုတ်​သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။


သို့သော်လည်း လူ​သည် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရသည်​မဟုတ်ဘဲ ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့်​သာ သတ်မှတ်​ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့​သည်လည်း ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့်​မဟုတ်ဘဲ ခရစ်တော်​ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို လိုက်နာခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရမည်​မဟုတ်​သောကြောင့် ဖြစ်၏။


သို့သော် လူ​အပေါင်းတို့​သည် အပြစ်​၏ ချုပ်နှောင်မှု​အောက်၌ ကျရောက်​လျက်​ရှိကြောင်း ကျမ်းစာ​တွင် ဖော်ပြထား၏။ ဤသည်​မှာ ဘုရားသခင်​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်သောသူတို့​အား မိမိ​ကတိထားတော်မူသည့် ကောင်းချီး​မင်္ဂလာ​ကို ပေးသနားတော်မူ​ရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ