ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ရောမ 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖက်တွင်လည်း လူယဉ်ကျေး၊ လူရိုင်းစိုင်း၊ ပညာရှိ၊ ပညာမဲ့စသည့် လူသားအပေါင်းတို့အတွက် ကျွန်ုပ်တွင် တာဝန်ရှိ၏။ Common Language Bible လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊- Garrad Bible ငါ သည် ဂ ရိတ် လူ မျိုး နှင့် အ ရိုင်း လူ မျိုး၊ ပ ညာ ရှိ သူ နှင့် မ ရှိ သူ အ ပေါင်း တို့ နှင့် စပ်၍ တာ ဝန် ကြွေး ရှိ သည့် အ လျောက်၊ Judson Bible ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဂရိလူမျိုးနှင့်လူရိုင်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
ကျွန်းသူကျွန်းသားများက ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာကြ၏။ မိုးရွာ၍ ချမ်းအေးသောကြောင့် သူတို့သည်မီးဖိုပေးလျက် ကျွန်ုပ်တို့အားလုံးကို ကြိုဆိုဧည့်ခံကြ၏။
ကျွန်းသူကျွန်းသားများက ပေါလု၏လက်တွင် တွယ်ကပ်လျက်နေသောမြွေကို မြင်သောအခါ “ဤလူသည် လူသတ်သမားဖြစ်မည်။ သူသည်ပင်လယ်ဘေးမှ လွတ်လာသော်လည်း တရားမျှတသောနတ်ဘုရားမသည် သူ့ကိုအသက်ရှင်ခွင့်ပေးမည်မဟုတ်” ဟု အချင်းချင်းပြောဆိုကြ၏။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာ နေကြလော့။ နိမ့်ပါးသောသူတို့နှင့် မာနမထောင်လွှားဘဲ ပေါင်းသင်းဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါသည် ပို၍ ပညာရှိသည်ဟု မထင်မှတ်နှင့်။
အချင်းချင်း မေတ္တာကြွေးမှလွဲ၍ မည်သည့် အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို အပြည့်အဝလိုက်နာသူ ဖြစ်၏။
ဘုရားသခင်ကို သင်တို့နာခံကြောင်း လူတိုင်းသိကြသဖြင့် ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့သည် ကောင်းမှုနှင့်ပတ်သက်လျှင် ပညာသတိရှိ၍ မကောင်းမှုနှင့်ပတ်သက်လျှင် အပြစ်ကင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သို့ဖြစ်၍ ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်ရန် တာဝန်ရှိသည်မဟုတ်။
အကယ်၍ တစ်စုံတစ်ယောက်ပြောသော ဘာသာစကားကို ကျွန်ုပ်နားမလည်လျှင် ထိုသူသည် ကျွန်ုပ်အတွက် လူမျိုးကွဲဖြစ်ပြီး ကျွန်ုပ်သည်လည်း ထိုသူအတွက် လူမျိုးကွဲဖြစ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်သည် စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို ချီးမွမ်းလျှင် အကျွမ်းတဝင်မရှိသေးသောလူတစ်ယောက်သည် သင်ပြောနေသောစကားကို နားမလည်သောကြောင့် ဘုရားသခင်အား သင်ကျေးဇူးတင်သည်ကို အာမင်ဟု မည်သို့ ဝန်ခံပြောဆိုနိုင်မည်နည်း။
သို့ဖြစ်၍ ဤအရာများကို ပြောဆိုရာတွင် ကျွန်ုပ်တို့သည် လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားများဖြင့် မပြောဆို။ ဝိညာဉ်တော်က သင်ကြားပေးသော စကားများဖြင့်သာ ပြောဆိုကြ၍ ဝိညာဉ်ရေးရာအမှန်တရားများကို ဝိညာဉ်ရေးရာစကားလုံးများဖြင့် ရှင်းလင်းဖော်ပြကြ၏။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ချီးမွမ်းတတ်သောသူတို့နှင့် တန်းတူသတ်မှတ်ရန်၊ သို့မဟုတ် နှိုင်းယှဉ်ရန် မဝံ့ရဲပါ။ ထိုသူတို့သည် မိမိကိုယ်ကိုယ် စံထားပြီး မိမိကိုယ်ကိုယ် တိုင်းတာကာ အချင်းချင်းကြား၌သာ နှိုင်းယှဉ်၍ ပညာမဲ့လျက်ရှိကြ၏။
သင်တို့သည် ပညာရှင်ကြီးများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ကျေနပ်စွာသည်းခံကြ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။