Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 အကယ်၍ တစ်စုံတစ်ယောက်​ပြောသော ဘာသာစကား​ကို ကျွန်ုပ်​နားမလည်​လျှင် ထို​သူ​သည် ကျွန်ုပ်​အတွက် လူမျိုးကွဲ​ဖြစ်ပြီး ကျွန်ုပ်​သည်လည်း ထို​သူ​အတွက် လူမျိုးကွဲ​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ပြော ဆို သူ သည် ငါ့ ကို လူ ရိုင်း၊ ငါ လည်း ပြော ဆို သူ ကို လူ ရိုင်း သ ဖွယ် မှတ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဘာ​သာ​စ​ကား၏​အ​နက်​ကို ငါ​နား​မ​လည်​လျှင်၊ ပြော​သော​သူ​အား ငါ​သည် လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ ပြော​သော​သူ​သည်​လည်း၊ ငါ့​အား လူ​ရိုင်း​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ဘာသာ​စကား​၏​အနက်​အဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စကား​ကို​ပြောဆို​နေ​သူ​အတွက် ငါ​သည် တိုင်းတစ်ပါးသား​ဖြစ်​သကဲ့သို့ ပြောဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အတွက် တိုင်းတစ်ပါးသား​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:11
6 ပူးပေါင်းရင်းမြစ်များ  

ကျွန်းသူ​ကျွန်းသားများ​က ကျွန်ုပ်တို့​အပေါ် အလွန်​ကြင်နာ​ကြ၏။ မိုးရွာ​၍ ချမ်းအေး​သောကြောင့် သူတို့​သည်​မီးဖိုပေး​လျက် ကျွန်ုပ်တို့​အားလုံး​ကို ကြိုဆိုဧည့်ခံကြ၏။


ကျွန်းသူ​ကျွန်းသားများ​က ပေါလု​၏​လက်​တွင် တွယ်ကပ်​လျက်​နေသော​မြွေ​ကို မြင်​သောအခါ “ဤ​လူ​သည် လူသတ်သမား​ဖြစ်မည်။ သူ​သည်​ပင်လယ်ဘေး​မှ လွတ်လာ​သော်လည်း တရားမျှတသော​နတ်ဘုရားမ​သည် သူ့​ကို​အသက်ရှင်ခွင့်​ပေးမည်​မဟုတ်” ဟု အချင်းချင်း​ပြောဆိုကြ၏။


တစ်ဖက်​တွင်လည်း လူယဉ်ကျေး၊ လူရိုင်းစိုင်း၊ ပညာရှိ၊ ပညာမဲ့​စသည့် လူသား​အပေါင်းတို့​အတွက် ကျွန်ုပ်​တွင် တာဝန်​ရှိ၏။


ကမ္ဘာ​ပေါ်တွင် မတူညီသော ဘာသာ​စကားပေါင်း​များစွာ ရှိ​သော်လည်း အဓိပ္ပာယ်​မဲ့သော ဘာသာ​စကား​ဟူ၍ မရှိပါ။


ကျမ်းစာ​၌ “ငါ​သည် ဤ​လူမျိုးတို့​အား ပြော​ရန် အခြား​နိုင်ငံ​မှ လူတို့​ကို အသုံးပြုမည်။ ထို​သူတို့​သည် အခြား​ဘာသာစကားများ​ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော်လည်း သူတို့​သည် ငါ့​ကို နားထောင်ကြ​လိမ့်မည်​မဟုတ် ဟု ထာဝရဘုရား​မိန့်တော်မူ၏” ဟူ၍ ရေးသားထား၏။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ