လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ယုဒ 1:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့် Common Language Bible သင်တို့မပြိုမလဲကြစေရန် စောင့်ရှောက်တော် မူနိုင်၍၊ သင်တို့အားအပြစ်ကင်းစင်စေလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုန်းအသရေထွန်း တောက်ရာရှေ့တော်မှောက်သို့ ဝင်ရောက်ခွင့်ကို ပေးတော်မူနိုင်သော၊- Garrad Bible သင် တို့ ကို မ လဲ မ ပြို စေ ရန် ကွယ် ကာ လျက် အ ပြစ် အ နာ မ ရှိ ဘဲ ရွှင် လန်း သော စိတ် နှင့် ဘုန်း တော် ရှေ့ ဆက် သ နိုင် တော် မူ ထ သော၊ Judson Bible ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသားသည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် မိမိဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေနှင့် ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏ အစေခံကို အပြစ်တင်မည်နည်း။ ထိုအစေခံ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ်ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ သခင်က ဆုံးဖြတ်လိမ့်မည်။ သူ၏ လုပ်ဆောင်မှုသည် ကျေနပ်ဖွယ် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို ကူမနိုင်စွမ်းရှိတော်မူသောကြောင့် ဖြစ်၏။
သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်အကြောင်းအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်မည်နည်း။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ယေရှုထမြောက်တော်မူသည်နည်းတူ ထမြောက်စေပြီးလျှင် သင်တို့နှင့်အတူ ရှေ့တော်မှောက်သို့ ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့ ခဏတာခံရသည့် ပေါ့ပါးသောဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အတွက် အလွန်ထူးမြတ်သော ထာဝရဘုန်းအသရေကို ဖြစ်ပွားစေ၏။
ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည်
အစွန်းအထင်း၊ အတွန့်အကြေတို့နှင့် အခြားထိုသို့သောအနာအဆာ တစ်စုံတစ်ခုမျှ မရှိဘဲ သန့်ရှင်းလျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်အဖြစ် မိမိထံ ဆက်သရန် ဖြစ်၏။
ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက်တစ်ခုကို မလိုက်နာလျှင် အလုံးစုံတို့ကို ချိုးဖောက်ရာရောက်သောကြောင့်ဖြစ်၏။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ခံစား၍ ထာဝရအသက်ကို ရရှိစေမည့် ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်ကြလော့။