Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 19:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အရာ​အားလုံး​ကို အသစ်ပြုပြင်သော​အချိန်​တွင် လူသား​သည် မိမိ​၏ ဘုန်းတော်​နှင့်​ပြည့်စုံသော ရာဇ​ပလ္လင်​ပေါ်တွင် ထိုင်​လိမ့်မည်။ ထိုအခါ ငါ့​နောက်သို့ လိုက်ကြသော​သင်တို့​သည် ရာဇပလ္လင်​ဆယ့်နှစ်ခု​ပေါ်တွင် ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ယေ ရှု က လူ့ သား သည် အ သစ် ပြု ပြင် ရာ ကာ လ ဘုန်း တော် ဆိုင် ရာ ပ လ္လင့် ပေါ် တွင် ထိုင် တော် မူ သော အ ခါ ငါ့ နောက် လိုက် ခဲ့ သော သင် တို့ လည်း ဆယ့် နှစ် ပ လ္လင် ပေါ် တွင် ထိုင် လျက် ဣ သ ရေ ေလ တစ် ဆယ့် နှစ် နွယ် ကို တ ရား စီ ရင် ရ ကြ လ တ္တံ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အလုံးစုံ​တို့​ကို​အသစ်​ပြုပြင်​သော​ကာလ​၌ လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ပလ္လင်​ပေါ်တွင်​ထိုင်​သောအခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်ဆယ့်နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 19:28
35 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ထိုအခါ ပေတရု​က “အကျွန်ုပ်တို့​သည် အရာ​အားလုံး​ကို စွန့်​၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထို​အတွက်​ကြောင့် မည်သည့်​အကျိုး​ကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။


ထိုအခါ ယေရှု​က “မည်သည့်​အရာ​ကို တောင်းလိုသနည်း” ဟု မေးတော်မူ၏။ သူ​က “ကိုယ်တော်​၏​နိုင်ငံတော်​တွင် ကျွန်မ​၏ သား​နှစ်ယောက်​ကို ကိုယ်တော်​၏​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို ဦး​စွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့​လိုအပ်သော အရာ​အားလုံး​ကို ပေးတော်မူ​လိမ့်မည်။


သို့သော် ယေရှု​က “မြေခွေးတို့​၌ နေစရာ တွင်း​ရှိ၏။ ငှက်တို့​၌ နားစရာ​အသိုက်​ရှိ၏။ လူသား​၌​မူ ခေါင်းချစရာ​နေရာ​ပင် မရှိ” ဟု မိန့်တော်မူ၏။


သူတို့​က “အရှင်​သည် ဘုန်းကြီးသော​ပလ္လင်​၌ ထိုင်​၍ စိုးစံ​သောအခါ အရှင့်​လက်ဝဲတော်ဘက်​၌​တစ်ယောက်၊ အရှင့်​လက်ယာတော်ဘက်​၌​တစ်ယောက် ထိုင်ခွင့်​ပေးတော်မူပါ” ဟု လျှောက်ကြ၏။


ရှေးအခါ​ကပင် သန့်ရှင်းသော​ပရောဖက်များ​အားဖြင့် ဘုရားသခင်​မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့​ကို ပြန်လည်​အသစ်​ပြုပြင်မည့်​အချိန်​အထိ ထို​အရှင်​သည် ကောင်းကင်ဘုံ​တွင် ရှိတော်မူမည်။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


သို့သော် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏ ကတိတော်​အတိုင်း ဖြောင့်မတ်ခြင်းတရား​တည်ရှိရာ ကောင်းကင်သစ်​နှင့် မြေကြီးသစ်​ကို စောင့်မျှော်နေကြ၏။


ဘုရားသခင်​၏​ရှေ့တော်​၌​ရှိသော မိမိတို့​၏​ပလ္လင်တော်​ပေါ်တွင် ထိုင်နေကြသော အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ဘုရားသခင်​အား ဝပ်တွားခယ​၍ ကိုးကွယ်​ပြီး


ထို့နောက် ကောင်းကင်​၌ နိမိတ်​လက္ခဏာ​ကြီး​တစ်ခု​ကို မြင်ရ၏။ အမျိုးသမီး​တစ်ဦး​သည် နေ​ကို ဝတ်ဆင်​၍ လ​ပေါ်တွင် ခြေ​ကို​တင်​ကာ ခေါင်း​ပေါ်၌ ကြယ်​ဆယ့်နှစ်လုံး​ပါသည့် သရဖူ​ကို ဆောင်းထား၏။


ထို့နောက် ပလ္လင်များ​နှင့် ၎င်းတို့​ပေါ်တွင် ထိုင်နေသော​သူတို့​ကို ကျွန်ုပ်​မြင်ရ၏။ ထို​သူတို့​သည် တရားစီရင်​ရန် အခွင့်အာဏာ​အပ်နှင်းခံကြရ၏။ သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​ပြီး ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြော​သောကြောင့် ခေါင်းဖြတ်​ခံရသောသူတို့​၏ ဝိညာဉ်များ​ကိုလည်း ကျွန်ုပ်​မြင်ရ၏။ သူတို့​သည် သားရဲ​နှင့် ထို​သားရဲ​၏​ရုပ်တု​ကို မကိုးကွယ်ကြ။ သူတို့​၏​နဖူး​နှင့် လက်များ​တွင် သားရဲ​၏​အမှတ်တံဆိပ်​ကို မခံယူကြ။ သူတို့​သည် အသက်​ပြန်ရှင်​၍ ခရစ်တော်​နှင့်အတူ နှစ်ပေါင်း​တစ်ထောင် အုပ်စိုးကြရ၏။


ရာဇပလ္လင်တော်​ပေါ်၌ ထိုင်တော်မူသော​အရှင်​က “ငါ​သည် အရာ​အားလုံး​ကို အသစ်​ဖြစ်စေ၏” ဟု မိန့်တော်မူ​ပြီးနောက် “ဤ​စကားတို့​သည် သစ္စာ​စကား၊ မှန်သော​စကား​ဖြစ်​သောကြောင့် ရေးထားလော့” ဟူ၍​လည်း မိန့်တော်မူ၏။


မြို့​၏ လမ်းမကြီး​အလယ်​သို့ စီးဆင်း၏။ မြစ်​တစ်ဖက်တစ်ချက်​၌ အသီး​ဆယ့်နှစ်မျိုး​ဖြင့် လစဉ်​အသီးသီးသော အသက်ပင်​ရှိ၏။ ထို​အပင်​၏ အရွက်တို့​မှာ လူအပေါင်းတို့​၏ အနာရောဂါများ​ကို ကျန်းမာ​စေရန်​အတွက်​ဖြစ်၏။


ည​ဟူ၍ ရှိတော့မည်​မဟုတ်။ ဘုရားသခင်​သည် အလင်း​ကို ပေးတော်မူမည်​ဖြစ်၍ သူတို့​သည် ဆီမီး​၏​အလင်း​နှင့် နေ​၏​အလင်း​ကို လိုအပ်တော့မည်​မဟုတ်။ သူတို့​သည် အစဉ်​ထာဝရ အုပ်စိုးကြ​လိမ့်မည်။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


ရာဇပလ္လင်တော်​ပတ်လည်​တွင် အခြား​ပလ္လင်​နှစ်ဆယ့်လေး​ခု​ရှိ​ပြီး အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ထို​ပလ္လင်များ​ပေါ်တွင် ထိုင်နေကြ၏။ သူတို့​သည် ဝတ်ရုံဖြူ​ကို ဝတ်ဆင်​လျက် ဦးခေါင်းများ​ပေါ်​တွင် ရွှေ​သရဖူများ​ကို ဆောင်းထားကြ၏။


ထို့နောက်​တံဆိပ်​ခတ်​ခံရသော​သူတို့​၏ အရေအတွက်​ကို ကျွန်ုပ်​ကြားသိရ၏။ အစ္စရေး​မျိုးနွယ်စု​အသီးသီး​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်ခံရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ