သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
ယာကုပ် 1:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။ Common Language Bible ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။- Garrad Bible ကောင်း သော ဆု နှင့် စုံ လင် သော ကျေး ဇူး ရှိ သ မျှ တို့ သည် ပြောင်း လဲ ခြင်း၊ လှည့်၍ အ ရိပ် ကျ ခြင်း ကင်း သော အ ရှင်၊ အ လင်း တန် ဆာ များ၏ အ ဘ ထံ အ ထက် အ ရပ် မှ ဆင်း သက် ၏။ Judson Bible ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။ |
သင်တို့သည် ဆိုးသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ပို၍ ပေးတော်မူမည် မဟုတ်လော။
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
ယောဟန်က “ဘုရားသခင်သည် ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပါ။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
“ဘုရားသခင်သည် အလင်းဖြစ်တော်မူပြီး ကိုယ်တော်၌ အမှောင်လုံးဝမရှိ” ဟူသော တရားစကားသည် ယေရှုထံမှ ကျွန်ုပ်တို့ကြားရပြီး သင်တို့အား ကြေညာသောတရားစကားဖြစ်၏။
ချစ်ခြင်းမေတ္တာဟူသည်မှာ ဘုရားသခင်အပေါ် ထားသော ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မဆိုလို။ ကျွန်ုပ်တို့၏ အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် သားတော်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်တို့အပေါ်ထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆိုလို၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် အလင်းပေးတော်မူ၍ သိုးသငယ်တော်သည် ထိုမြို့၏ ဆီမီးသဖွယ် ဖြစ်သောကြောင့် မြို့သည် နေနှင့်လတို့၏အလင်းကို မလိုအပ်ပေ။
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။