လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
မဿဲ 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။ Common Language Bible ``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။ Garrad Bible ကိုယ့် ကောင်း မှု ကို ထင် ရှား လို သည့် အ ကြံ နှင့် လူ တို့ ရှေ့ မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ ပြု မိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ ထံ မှ အ ကျိုး ဆက် မ ခံ ရ။ Judson Bible လူများတို့ မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဖြောင့်မတ်သောအမှုကို လူတို့မြင်စေရန် လူတို့ရှေ့၌မပြုကြမည့်အကြောင်း သတိထားကြလော့။ သို့မဟုတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖထံမှ အကျိုးကျေးဇူးကို သင်တို့ရကြလိမ့်မည်မဟုတ်။ မြန်မာ လူများတို့ မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။- |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ထို့ကြောင့် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ပြီးပြည့်စုံတော်မူသကဲ့သို့ သင်တို့သည်လည်း ပြီးပြည့်စုံသောသူများ ဖြစ်ကြလော့။
သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
ထို့နောက် သူတို့အား “သတိပြုလော့။ အမျိုးမျိုးသော လောဘတို့ကို သတိနှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး၏အသက်သည် စည်းစိမ်ကြွယ်ဝချမ်းသာမှုပေါ်တွင် မူတည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ဂုဏ်ပြုချီးမွမ်းခြင်းထက် လူတို့၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသောကြောင့် ဖြစ်၏။
သင်တို့သည် အချင်းချင်းဂုဏ်ပြုချီးမြှောက်ကြပြီး တစ်ဆူတည်းသော ဘုရားသခင်၏ ဂုဏ်ပြုချီးမြှောက်ခြင်းကိုမူ အလိုမရှိကြ။ ထို့ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ဘဲနေသည်မှာ အံ့ဩစရာမရှိ။
ပေတရုသည် ထိုအရာကို မြင်သောအခါ သူတို့အား “အို အစ္စရေးလူမျိုးတို့… သင်တို့သည် အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့သြကြသနည်း။ ငါတို့သည် ကိုယ့်တန်ခိုး၊ ကိုယ့်အကျင့်သီလဖြင့် ဤသူအားလမ်းလျှောက်စေနိုင်သည့်အလား အဘယ်ကြောင့် ငါတို့အား ငေးမောကြည့်ကြသနည်း။
သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာခံယူရန် အတင်းအကျပ် စေခိုင်းလျက်ရှိသောသူတို့သည် အပြင်ပန်းတင့်တယ်လိုကြ၏။ ထိုသို့ စေခိုင်းသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကသာ ကယ်တင်နိုင်သည်ဟူ၍ ဟောပြောခြင်းအတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို မလိုလားသောကြောင့် ဖြစ်၏။
သူသည် အနာဂတ်တွင် ရမည့် ဆုလာဘ်ကို မျှော်ကိုးသောကြောင့် အီဂျစ်ပြည်၏ စည်းစိမ်ထက် ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံခြင်းသည် ပို၍ မြတ်သည်ဟု မှတ်ယူလေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းမှားမရောက်ရန် ကြားနာရသည့်တရားကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြရမည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။