Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 16:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထိုအခါ ယေရှု​က “သင်တို့​သည် လူ​ရှေ့​၌ သူတော်ကောင်း​ကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်​သည် သင်တို့​၏​အတွင်းစိတ်​ကို သိမြင်တော်မူ၏။ လူ​အများ တန်ဖိုးထား​သော အရာများ​သည် ဘုရားသခင်​၏​ရှေ့တော်​၌ စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ကိုယ် တော် က သင် တို့ သည် လူ တို့ ရှေ့ ဖြောင့် မတ် ဟန် ဆောင် ကြ သော် လည်း စိတ် နှ လုံး ကို ဘု ရား သ ခင် သိ တော် မူ၏။ လူ တို့ တွင် မြင့် မြတ် သော အ ရာ သည် ဘု ရား သ ခင့် ရှေ့ တော်၌ စက် ဆုပ် ဖွယ် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့သော် ကိုယ်တော်​က“သင်​တို့​သည် လူ​တို့​ရှေ့​၌ မိမိတို့ကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​တတ်​သူ​များ​ဖြစ်​ကြ​၏။ သို့ရာတွင် ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​ကို​သိ​တော်မူ​၏။ လူ​တို့​အမြတ်တနိုး​ထား​သော​အရာ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ရွံရှာ​ဖွယ်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:15
40 ပူးပေါင်းရင်းမြစ်များ  

သူတို့​လုပ်ဆောင်သမျှ​သည် လူ​မြင်သာ​စေရန်​သာ ဖြစ်၏။ သူတို့​၏​လက်မောင်းများ​ပေါ်တွင် ကျမ်းစာပိုဒ်များ​ပါရှိသည့် အဆောင်​ကို အပြားကြီး​ပြုလုပ်​၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်​ပါသော​ဝတ်ရုံတို့​ကို​လည်း ဝတ်ဆင်တတ်ကြ၏။


သင်တို့​သည် အစာရှောင်​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူတို့​ကဲ့သို့ မျက်နှာ​မညှိုးငယ်စေနှင့်။ ထို​သူတို့​သည် မိမိတို့​အစာရှောင်နေကြောင်း လူ​အများ​သိမြင်​စေရန် မျက်နှာသွင်ပြင်​ကို မကြည်မသာ​ဖြစ်စေကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


သင်​သည် အလှူအတန်း​ပြု​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူတို့​ကဲ့သို့ မပြုနှင့်။ ထို​သူတို့​သည် လှူဒါန်း​သောအခါ လူတို့​၏​ချီးမွမ်းပြောဆိုခြင်း​ကို ခံလို​သဖြင့် ဝတ်ပြုဆောင်များ​နှင့် လမ်းများ​၌ တီးမှုတ်​တတ်ကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


သင်တို့​သည် ဆုတောင်း​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူများ​ကဲ့သို့ မပြုကြနှင့်။ ထို​သူတို့​သည် လူ​မြင်သာ​စေရန် ဝတ်ပြုဆောင်များ​နှင့် လမ်းဆုံလမ်းခွများ​တွင်​ရပ်​လျက် ဆုတောင်းရသည်​ကို နှစ်သက်ကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


ထို​သူ​သည် မိမိကိုယ်ကိုယ်​ဖြောင့်မတ်ကြောင်း​မြင်သာ​စေရန် “ဆရာတော် မည်သူ​သည် အကျွန်ုပ်​နှင့်​သက်ဆိုင်သော​သူ ဖြစ်ပါသနည်း” ဟု ယေရှု​အား တစ်ဖန်​မေးလျှောက်လေ၏။


ထိုအခါ ယေရှု​က “ဖာရိရှဲတို့… သင်တို့​သည် ခွက်​နှင့်​ပန်းကန်​၏​အပြင်ဘက်​ကို ဆေးကြောကြ​သော်လည်း အတွင်း​၌​မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်း​နှင့် ပြည့်ကြ၏။


ဖာရိရှဲ​သည် တစ်ဦးတည်း ရပ်​လျက် ‘ဘုရားသခင်… အကျွန်ုပ်​သည် အခြားသူများ​ကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူ မဟုတ်​သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤ​အခွန်​ကောက်သူ​ကဲ့သို့ မဟုတ်သည့်​အတွက်​လည်း ကျေးဇူးတင်ပါ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​အခွန်ကောက်သူ​သည် အပြစ်ပြေ​လျက် အိမ်​သို့​ပြန်လေ၏။ ဖာရိရှဲ​မှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​၍ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​သောကြောင့်​ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။


ထို​သူ​ကလည်း “အကျွန်ုပ်​သည် ဤ​ပညတ်တော်​အားလုံး​ကို ငယ်စဉ်​ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။


ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်း​ဖြစ်သည်​ဟု ခံယူကြ​လျက် သူတစ်ပါး​အား မထီမဲ့မြင်ပြုသူ​တချို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။


ထို့ကြောင့် သူတို့​သည် ယေရှု​ကို အထူး​စောင့်ကြည့်​လျက် နေကြ၏။ စကားတော်​ထဲမှ​လည်း အပြစ်​ရှာ​၍ အစိုးရ​အာဏာပိုင်​လက်​သို့ အပ်​နိုင်ရန် သူတော်ကောင်း​ယောင်ဆောင်ထားသော သူလျှိုများ​ကို စေလွှတ်ထားကြ၏။


မုဆိုးမတို့​၏​အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသို့ လူ့​အတွင်းသဘော​ကို သိတော်မူ​သောကြောင့် ကိုယ်တော်​အား လူ့​အကြောင်း​ကို မည်သူ​ကမျှ ပြောပြ​ရန် မလိုပေ။


ယေရှု​က “ယောဟန်​၏​သား​ရှိမုန်… သင်​သည် ငါ့​ကို ချစ်သလော” ဟု တတိယ​အကြိမ် မေးတော်မူ၏။ ဤသို့ “သင်​သည် ငါ့​ကို ချစ်သလော” ဟု သုံးကြိမ်​တိုင်တိုင် မေးတော်မူ​သဖြင့် ပေတရု​သည် စိတ်ထိခိုက်​၍ “သခင်… သခင်​သည် အရာ​အားလုံး​ကို သိတော်မူ၏။ အကျွန်ုပ်​သခင့်​ကို ချစ်ကြောင်း သခင်​သိပါ၏” ဟု လျှောက်၏။ ယေရှု​က “သို့ဖြစ်လျှင် ငါ့​သိုးတို့​ကို ကျွေးမွေးလော့။


သူ​သည် မတရားမှု​ဖြင့် ရရှိသော​ငွေ​နှင့် မြေတစ်ကွက်​ကို ဝယ်ယူ၏။ ထို့နောက် သူ​သည် ထို​မြေ​၌ ဇောက်ထိုး​ကျ​လျက် သေဆုံးလေ၏။ သူ​၏ ဝမ်းဗိုက်​သည် ပေါက်​၍ အူများ​ထွက်ကျလာ၏။


ထိုမှ​တစ်ဖန် သူတို့​က “အို သခင်ဘုရား… သခင်​သည် လူအပေါင်းတို့​၏​စိတ်နှလုံး​ကို သိမြင်တော်မူ၏။ ယုဒ​သည် မိမိ​နှင့်​ထိုက်သော​နေရာ​သို့ သွား​ရန် တမန်တော်​ရာထူး​ကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤ​အမှုတော်​လုပ်ငန်း​နှင့် သူ​၏​တာဝန်​ကို ဆက်ခံ​ရန် သခင်ဘုရား​သည် ဤ​သူ​နှစ်ဦး​ထဲမှ မည်သူ့​ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။


လူ့​စိတ်နှလုံး​ကို သိမြင်တော်မူသော​ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အား ပေးသနား​သကဲ့သို့ ထို​သူတို့​အား ပေးသနားခြင်း​ဖြင့် သူတို့​ကို လက်ခံကြောင်း​အတည်ပြုတော်မူ၏။


ထို့ကြောင့် ပညတ်တရား​၌​ပါသော​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာ​ကျင့်သုံးခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မဟုတ်။ ပညတ်တရား​သည် ကျွန်ုပ်တို့​မည်မျှ အပြစ်​ရှိကြောင်း​ကို သိ​ရန်သာ ဖော်ပြ၏။


စိတ်နှလုံး​ကို ဆန်းစစ်တော်မူသော ဘုရားသခင်​သည် ဝိညာဉ်တော် တောင်းလျှောက်နေသော​အရာ​ကို သိမြင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်​သည် ယုံကြည်သူများ​ဖြစ်သည့် ကျွန်ုပ်တို့​အတွက် ဘုရားသခင်​၏ အလိုတော်​အတိုင်း ကိုယ်စားပြု​ဆုတောင်းတော်မူ​သောကြောင့် ဖြစ်၏။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်း​ဖြစ်သည့် မပျက်စီးနိုင်သော​အတွင်းစိတ်​အလှတရားများ​ဖြင့်သာ အလှဆင်ကြလော့။ ဤ​အရာ​သည် ဘုရားသခင်​ရှေ့တော်​၌ အလွန်​အဖိုးတန်၏။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ