Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 6:1 - မြန်မာ

1 လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ``သင်​တို့​သည်​အ​များ​မြင်​သာ​အောင်​လူ​မြင်​ကွင်း တွင် အ​လှူ​ဒါ​န​မ​ပြု​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​မည်​သည့်​ကောင်း ချီး​ကို​မျှ​ပေး​သ​နား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကိုယ့် ကောင်း မှု ကို ထင် ရှား လို သည့် အ ကြံ နှင့် လူ တို့ ရှေ့ မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ ပြု မိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ ထံ မှ အ ကျိုး ဆက် မ ခံ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 သင်တို့​၏ ကောင်းသော​အကျင့်​ကို လူ​မြင်သာ​အောင် အများ​ရှေ့​တွင် မကျင့်မိ​ရန် သတိပြုကြလော့။ လူ​မြင်သာ​အောင် ပြု​လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​ထံမှ ဆုလာဘ်​ကို ရရှိမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:1
36 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ပြု​သ​မျှ​သော​အ​ကျင့်​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ ပြု​ကြ၏။ ကျယ်​သော လက်​ဖွဲ့​တို့​ကို​လည်း​ကောင်း၊ ကြီး​သော ပန်း​ပွား​တို့​ကို​လည်း​ကောင်း ဝတ်​လေ့​ရှိ​ကြ၏။-


အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို သာ၍​နှစ်​သက်​ကြ၏။


ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-


အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။-


ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-


သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။-


ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။-


ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။


ထို​ကြောင့် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် စုံ​လင်​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း စုံ​လင်​ခြင်း​ရှိ​ကြ​လော့။-


ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-


ကိုယ်၌​ရှိ​သော​အ​လင်း​ကို မှောင်​မိုက်​မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​လော့။-


ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-


လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။


ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-


လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ