Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ ကောင်း ကင် နိုင် ငံ တော် ကို လူ တို့ ရှေ့ ပိတ် ထား သော သင် တို့ သည် ကိုယ် တိုင် မ ဝင်၊ ၀င် သူ တို့ ကို လည်း ဝင် ခွင့် မ ပေး ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

13 လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်၏ တံ​ခါး​ကို လူ​တို့​ရှေ့​မှာ​ပိတ်​ထား၍ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:13
25 ပူးပေါင်းရင်းမြစ်များ  

မျက်မမြင်သော​လမ်းပြတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​က ‘တစ်စုံတစ်ဦး​သည် ဗိမာန်တော်​ကို တိုင်တည်​၍ ကျိန်ဆို​လျှင်​မတည်နိုင်ပါ။ ဗိမာန်တော်​အတွင်း​ရှိ ရွှေ​ကို​တိုင်တည်​၍ ကျိန်ဆို​မှသာ တည်သည်’ ဟု ဆိုတတ်ကြ​သောကြောင့်​ဖြစ်၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ပင်စိမ်းရွက်၊ စမုန်စပါး​နှင့် ဇီရာစေ့​တို့​ကို ဆယ်ပုံတစ်ပုံ​လှူဒါန်းကြ​သော်လည်း ပညတ်ကျမ်း​ထဲမှ ပို၍​အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်း​နှင့် ယုံကြည်ခြင်း​တို့​ကိုမူ လျစ်လျူရှုထားကြ​သောကြောင့်​ဖြစ်၏။ ဆယ်ပုံတစ်ပုံ​ကို လှူဒါန်းကြရမည်​မှန်​သော်လည်း ထို​ထက်​အရေးကြီးသော အချက်တို့​ကို လျစ်လျူမရှုသင့်ပေ။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခွက်​နှင့်​ပန်းကန်​၏ အပြင်ဘက်​ကို ဆေးကြောကြ​သော်လည်း အတွင်း​၌​မူ လောဘကြီးခြင်း၊ စိတ်အလိုလိုက်ခြင်း​တို့​နှင့် ပြည့်ကြ​သောကြောင့်​ဖြစ်၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထုံးဖြူ​သုတ်ထားသော အုတ်ဂူများ​နှင့်​တူ​၍ အပြင်ဘက်​၌ လှပ​သော်လည်း အတွင်း​တွင်မူ လူသေရိုးများ​နှင့် အညစ်အကြေး​ပေါင်းစုံ​တို့ဖြင့် ပြည့်​လျက်​ရှိ​သောကြောင့်​ဖြစ်၏။


သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် သင်တို့​ဘိုးဘေးများ​သတ်ခဲ့သော ပရောဖက်တို့​အတွက် သင်္ချိုင်းဂူများ​ကို ဆောက်လုပ်ပေးကြ​သောကြောင့်​ဖြစ်၏။ သင်တို့​ဘိုးဘေးများ သတ်ခဲ့သည့်​ဖြောင့်မတ်သော​သူတို့​၏ အထိမ်းအမှတ်​ကျောက်တိုင်များ​ကို အလှဆင်ကြ၏။


ဖာရိရှဲများ​နှင့် ဇဒ္ဒုကဲတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာကြသည်​ကို ယောဟန်​မြင်​သောအခါ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏ အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​ကို မည်သူ​က သတိပေးခဲ့သနည်း။


ကျမ်းတတ်​ပညာရှင်တို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အသိပညာ​ဖွင့်သော​သော့​ကို ယူထား​၍ ကိုယ်တိုင်​မဝင်သည့်​အပြင် ဝင်လိုသော​သူများ​ကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။


ဤသို့ ဖြေရခြင်း​မှာ သူတို့​သည် ဂျူးလူမျိုး​ခေါင်းဆောင်တို့​ကို ကြောက်ရွံ့​သောကြောင့်​ဖြစ်၏။ ဂျူးလူမျိုး​ခေါင်းဆောင်တို့​က ယေရှု​ကို ခရစ်တော်​ဖြစ်သည်​ဟု ဝန်ခံသောသူ​ကို ဂျူး​ဝတ်ပြုဆောင်​မှ ထုတ်ပယ်မည်​ဟု ကြေညာထားကြ၏။


ထို့ကြောင့် သူတို့​သည် မျက်မမြင်​ဖြစ်ခဲ့ဖူးသူ​ကို ဒုတိယအကြိမ် ခေါ်​၍ “ဤ​အရာ​အတွက် ဘုရားသခင်​ရှေ့တော်​တွင် အမှန်​အတိုင်း ပြောလော့။ ထို​ယေရှု​သည် အပြစ်သား​ဖြစ်ကြောင်း ငါတို့​သိကြ၏” ဟု ဆိုကြ၏။


သူတို့​ကလည်း “သင်​သည် အပြစ်​အပြည့်​နှင့် မွေးလာသူ​ဖြစ်​လျက်နှင့်​ပင် ငါတို့​ကို သွန်သင်နေသလော” ဟု ဆို​ကာ ဝတ်ပြုဆောင်​မှ နှင်ထုတ်ကြ၏။


သို့ရာတွင် မှော်ဆရာ​ဟု အဓိပ္ပာယ်ရသော​ဧလုမ​အမည်​ရှိသည့် ထို​သူ​သည် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဆန့်ကျင်​၍ ထို​မြို့ဝန်မင်း​ကို ယုံကြည်ခြင်း​မှ​လမ်းလွှဲ​စေရန် ကြိုးပမ်းလေ၏။


“ထို​ယေရှု​၏​အမည်​နာမ​ဖြင့် မသွန်သင်​ရန် တင်းကျပ်သော​အမိန့်များ​ကို ငါတို့​ထုတ်ပြန်​သော်လည်း သင်တို့​သည် ဂျေရုဆလင်မြို့ တစ်မြို့လုံး​တွင် သွန်သင်ကြပြီ။ ထို​သူ​၏​သေခြင်း အတွက် ငါတို့​၌ တာဝန်ရှိသည်​ဟု သင်တို့​သည် အပြစ်တင်လိုကြ၏” ဟူ၍ ပြောဆိုလေ၏။


သူတို့​သည် ဂါမလျေလ​၏​အဆို​ကို လက်ခံကြ​သဖြင့် တမန်တော်တို့​ကို​ခေါ်​၍ ကြိမ်ဒဏ်ပေး​ပြီးနောက် ယေရှု​၏​အမည်​နာမ​ကို အမှီပြု​လျက် မဟောပြော​ရန် အမိန့်ပေး​ကာ လွှတ်လိုက်ကြ၏။


သတေဖန်​ကို သတ်သည့်​အမှု​တွင် ရှောလု​သည်လည်း အလိုတူအလိုပါ​ဖြစ်ခဲ့၏။ ထို​နေ့​တွင် ဂျေရုဆလင်မြို့​ရှိ အသင်းတော်​အား ပြင်းထန်သော​ညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာ​သဖြင့် တမန်တော်တို့​မှလွဲ၍ ယုံကြည်သူများ​သည် ယုဒပြည်​နှင့် ရှမာရိပြည်​တစ်လျှောက်​သို့ ကွဲလွင့်​ပျံ့နှံ့သွားကြလေ၏။


ယန္နေ​နှင့် ယံဗြေ​တို့​သည် မောရှေ​ကို ဆန့်ကျင်​သကဲ့သို့ ထို​သူတို့​သည်လည်း သမ္မာတရား​ကို ဆန့်ကျင်ကြ၏။ သူတို့​သည် စိတ်ဓာတ်​ပျက်ပြား​၍ ယုံကြည်ယောင်​ဆောင်သူများ​ဖြစ်ကြ၏။


သူ့​ကို သတိထားလော့။ သူ​သည် ကျွန်ုပ်တို့​ဟောပြောချက်များ​ကို အပြင်းအထန်​ဆန့်ကျင်သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ