Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ယော 1:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့ကြောင့် ကျွန်ုပ်တို့​လုပ်ဆောင်ခဲ့သည့်​အရာများ​ကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူး​ကို သင်တို့​အပြည့်အဝ​ခံစား​ရ​စေရန် သတိပြုလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သို့​ဖြစ်​၍​သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​၏​ကြိုး​ပမ်း​ဆောင်​ရွက် ချက်​များ​သည်​အ​ချည်း​နှီး​မ​ဖြစ်​ဘဲ သင်​တို့ သည်​အ​ကျိုး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ တို့ ဆောင် ရွက် ခြင်း အ ကျိုး အ ဆက် မ ပျက် မ စီး ဘဲ စုံ လင် စွာ ခံ စား ရ အံ့ သော ငှာ ကိုယ် ကို သ တိ မူ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ငါ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ မ​ပျောက်​မ​ပျက်၊ စုံ​လင်​သော​အ​ကျိုး​ကို ရ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သ​တိ​ပြု၍ စောင့်​ရှောက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ယော 1:8
20 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်တို့​ကို မည်သူမျှ မလှည့်ဖြား​စေရန် သတိပြုကြလော့။


သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​ကို ကြိုတင်​သတိပေး​နှင့်ပြီ။


ဤ​အရာများ​စတင် ဖြစ်ပွား​လျှင် သတိရှိကြလော့။ လူတို့​သည် သင်တို့​ကို တရားရုံးများ​သို့ အပ်ကြ​လိမ့်မည်။ ဂျူးဝတ်ပြုဆောင်များ​တွင်လည်း ရိုက်နှက်ကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရ​အာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။ ဤ​အရာ​သည် သင်တို့​ကို ငါ့​အကြောင်း​သက်သေခံရသော​အခွင့် ဖြစ်စေ​လိမ့်မည်။


ထို​သူ​ကိုလည်း သခင်​က ‘သင်​သည် မြို့​ငါး​မြို့​ကို အုပ်ချုပ်လော့’ ဟု ဆို၏။


ယေရှု​က “သင်တို့​သည် လှည့်စား​မခံရ​စေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​သည် ငါ့​အယောင်​ကို​ဆောင်​၍ ‘ငါ​သည် ယေရှု​ဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်​နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြ​လိမ့်မည်။ သို့သော် ထို​သူတို့​နောက်သို့ မလိုက်ကြနှင့်။


ရိတ်သိမ်းသူ​သည် လုပ်အားခ​ကို ရ၏။ သူ​သည် ထာဝရ​အသက်​အတွက် သီးနှံတို့​ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူ​နှင့် ရိတ်သိမ်းသူ​တို့​သည် အတူတကွ ဝမ်းမြောက်ကြ​လိမ့်မည်။


နောက်ဆုံး​တွင် အချိန်​မတန်ဘဲ မွေးလာသောသူ​ကဲ့သို့​ဖြစ်သည့် ကျွန်ုပ်​အားလည်း ကိုယ်ထင်ပြတော်မူ၏။


လုပ်ဆောင်မှု တည်မြဲ​လျှင် ထို​ဆောက်လုပ်သူ​သည် ဆုလာဘ်​ကို ရ​လိမ့်မည်။


မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် တူညီသော ရည်ရွယ်ချက်​ဖြင့် လုပ်ဆောင်ကြ​ပြီး မိမိတို့​၏ ကြိုးပမ်း​အားထုတ်မှု​နှင့်အညီ ဆုလာဘ်​ကို ရရှိကြ​လိမ့်မည်။


သင်တို့​သည် ဤမျှလောက်​များသော ဒုက္ခဆင်းရဲတို့​ကို အချည်းနှီး​ခံစား​ခဲ့ရပြီလော။ ထို​အရာတို့​သည် အချည်းနှီး​ဖြစ်ရမည်လော။


သင်တို့​အတွက် ကျွန်ုပ်​ကြိုးစား​လုပ်ဆောင်ခဲ့သော အရာများ အချည်းနှီး​ဖြစ်သွားမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။


သင်တို့​သည် အလင်း​သို့ ရောက်​ပြီးနောက် ပြင်းထန်သော​ဆင်းရဲဒုက္ခများ​ကို ခံစားခဲ့ကြရ​သော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်​နေ့ရက်များ​ကို သတိရကြလော့။


ထို့ကြောင့် သခင်ဘုရား​အပေါ် သင်တို့​၏ စိတ်ချယုံကြည်မှု​ကို မစွန့်ပစ်ကြနှင့်။ ၎င်း​သည် သင်တို့​အား ကြီးမားသော​ဆုလာဘ်​ကို ခံစားစေ​လိမ့်မည်။


မည်သူ​မျှ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မဆုံးရှုံး​စေရန် သတိပြုလော့။ သင်တို့​ကို ဒုက္ခပေး​၍ လူများစွာ​ကို ညစ်ညူးစေမည့် ခါးသီးသော​အမြစ်​ကို မပေါက်ပွား​စေရန် သတိပြုလော့။


ငါ​သည် မကြာမီ​လာမည်။ သင်​၏​သရဖူကို မည်သူမျှ မလုယူ​စေရန် သင်​၌​ရှိသော​ယုံကြည်ခြင်း​ကို စွဲကိုင်ထားလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ