Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:46 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

46 သင်တို့​အား ချစ်သော​သူတို့​ကို​သာ သင်တို့​ပြန်​၍ ချစ်​လျှင် ဘုရားသခင်​ထံမှ မည်သည့်​အကျိုးကျေးဇူး​ကို ရထိုက်မည်နည်း။ အကျင့်ပျက်သော​အခွန်ကောက်သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 သင်​တို့​သည်​မိ​မိ​တို့​အား​ချစ်​သော​သူ​များ​ကို​သာ ချစ်​တုံ့​ပြန်​ပါ​မူ အ​ဘယ်​သို့​လျှင်​ဘု​ရား​သ​ခင်​ထံ တော်​မှ​ကောင်း​ချီး​ကို​ခံ​စား​ထိုက်​ပါ​မည်​နည်း။ အ​ခွန် ခံ​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 သင် တို့ အ ပေါ်၌ ချစ် သူ တို့ ကို သာ ချစ် လျှင် မည် သည့် အ ကျိုး ဆက် ကို ခံ ရ မည် နည်း။ အ ခွန် ကောက် တို့ ပင် ထို သို့ ချစ် တတ် ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 သင်​တို့​သည် သင်​တို့​ကို​ချစ်​သော​သူ​တို့​အား​ချစ်​လျှင် သင်​တို့​၌ မည်သည့်​အကျိုးကျေးဇူး​ရှိ​သနည်း။ အခွန်​ကောက်ခံ​သူ​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

46 သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ အ​ခွန်​ခံ​သူ​တို့​ပင် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:46
19 ပူးပေါင်းရင်းမြစ်များ  

တစ်ဖက်​တွင် လူသား​သည် စားသောက်​၍​နေသည်​ကို လူတို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။ သို့သော်လည်း ဉာဏ်ပညာ​သည် မှန်ကန်ကြောင်း ၎င်း​၏​လုပ်ဆောင်မှုများ​က ဖော်ပြသည်” ဟု မိန့်တော်မူ၏။


ထို​သူ​သည် သူတို့​၏ စကား​ကို နားမထောင်ဘဲ​နေ​လျှင် ဤ​အမှု​ကို အသင်းတော်​သို့ တင်ပြလော့။ ထို​သူ​သည် အသင်းတော်​၏​ဆုံးဖြတ်ချက်​ကို​ပင်လျှင် နားမထောင်​ပါက ဘုရားသခင်​ကို မကိုးကွယ်သော​သူ​နှင့် အကျင့်ပျက်သော​အခွန်ကောက်သူ​ကဲ့သို့ သူ့​အား သတ်မှတ်လော့။


ထို့ပြင် သင်တို့​၏ မိတ်ဆွေများ​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


သင်တို့​၏ ကောင်းသော​အကျင့်​ကို လူ​မြင်သာ​အောင် အများ​ရှေ့​တွင် မကျင့်မိ​ရန် သတိပြုကြလော့။ လူ​မြင်သာ​အောင် ပြု​လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဖ​ထံမှ ဆုလာဘ်​ကို ရရှိမည်​မဟုတ်။


ထို့နောက် ယေရှု​နှင့် တပည့်တော်တို့​သည် လေဝိ​၏​အိမ်​တွင် ညစာ​သုံးဆောင်ကြ၏။ ထို​နေရာ​၌ အခွန်ကောက်သူများ​နှင့် အပြစ်သားများ​လည်း ပါကြ၏။ ယေရှု​နောက်လိုက်များ​ထဲတွင် ထိုသို့သော​သူ​များစွာ ပါဝင်၏။


ထိုသို့ ကိုယ်တော်​သည် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်တော်မူသည်​ကို ဖာရိရှဲ​အဖွဲ့ဝင် ကျမ်းတတ်ဆရာတို့ မြင်​သောအခါ “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်သနည်း” ဟု တပည့်တော်တို့​အား မေးကြ၏။


အခွန်​ကောက်သူများ​နှင့် အပြစ်သားများ​သည် ယေရှု​၏​သွန်သင်ချက်​ကို နားထောင်​ရန် ယေရှု​အနီး​သို့ ချဉ်းကပ်လာကြ၏။


အခွန်​ကောက်သူ​မှာ အဝေး​မှ ရပ်​လျက် ကောင်းကင်​သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်​ကို လက်​ဖြင့် ထု​၍ ‘ဘုရားသခင်… အပြစ်သား​ဖြစ်သော အကျွန်ုပ်​ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။


ထို​အရပ်​တွင် ဇက္ခဲ​ဟု ခေါ်သော လူ​တစ်ဦး​ရှိ၏။ သူ​သည် အကောက်ခွန်​အရာရှိ​တစ်ဦး​ဖြစ်ပြီး ချမ်းသာသော​သူ ဖြစ်၏။


ထို​အဖြစ်အပျက်​ကို မြင်သော​သူများ​က “ယေရှု​သည် အပြစ်ရှိသူ​တစ်ဦး​၏​အိမ်​တွင် တည်းခို​ရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်​ပြောဆိုကြ၏။


အခွန်​ကောက်သူတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာ​၍ “ဆရာ… ကျွန်ုပ်တို့​သည် မည်သို့​လုပ်ဆောင်​ရမည်နည်း” ဟု မေးကြ၏။


ထို့နောက် လေဝိ​သည် မိမိ​၏​အိမ်​၌ ယေရှု​အတွက်​ဧည့်ခံပွဲကြီး​တစ်ခု ကျင်းပပေးလေ၏။ သူ​၏​အပေါင်းအသင်းများ​ဖြစ်သော အခွန်​ကောက်သူ​များစွာ​နှင့် အခြားသူများ​လည်း အတူ​ထိုင်​၍ စားသောက်ကြ၏။


သို့သော် ဖာရိရှဲများ​နှင့် သူတို့​ထဲမှ ကျမ်းတတ်ဆရာများ​က “သင်တို့​သည် အဘယ်ကြောင့် အခွန်​ကောက်သူများ၊ အပြစ်သားများ​နှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့​အား ဝေဖန်​ပြစ်တင်ကြ၏။


အခွန်​ကောက်သူများ​မှစ၍ လူ​အပေါင်းတို့​သည် ဤ​တရား​စကား​ကို ကြားသောအခါ ဘုရားသခင်​၏ တရားတော်​သည် မှန်ကန်ကြောင်း ဝန်ခံကြ၏။ ထို​သူတို့​သည် ယောဟန်​ထံ၌ နှစ်ခြင်းမင်္ဂလာ​ကို ခံယူခဲ့သူများ​ဖြစ်ကြ၏။


လူသား​သည် စားသောက်​၍​နေသည်​ကို သင်တို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ