သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
မဿဲ 5:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သနားကြင်နာခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible ``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။ Garrad Bible သ နား တတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် သ နား ခြင်း ကို ခံ ရ ကြ လ တ္တံ့။ Judson Bible သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။ မြန်မာ သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။- |
သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
ယခင်က သင်တို့သည် ဘုရားသခင်ကို မနာခံခဲ့ကြသော်လည်း ယခုတွင်မူ အစ္စရေးလူမျိုးတို့၏ မနာခံခြင်းကြောင့် သင်တို့သည် ဘုရားသခင်၏သနားကြင်နာခြင်းကို ခံရကြ၏။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို ခံစားရသည်နှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြပေ။
သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။
ထို့ကြောင့် သင်တို့သည်ဘုရားသခင် ရွေးချယ်တော်မူသောသူများ၊ သီးသန့်ထားတော်မူသောသူများ၊ ချစ်တော်မူသောသူများဖြစ်သည့်အားလျော်စွာ ကရုဏာထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
သို့သော်လည်း ယေရှုခရစ်တော်သည် အဆိုးဆုံးဖြစ်သူ ကျွန်ုပ်အပေါ် သူ၏ အဆုံးမဲ့သည်းခံခြင်းကို ဖော်ပြရန် ရည်ရွယ်သောကြောင့် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်းသည် ကိုယ်တော်ကို ယုံကြည်၍ ထာဝရအသက်ကို ရရှိကြမည့်သူများအတွက် ကျွန်ုပ်ကို စံနမူနာအဖြစ် ထားရန်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။