Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 တစ်ချိန်က ကျွန်ုပ်​သည် ခရစ်တော်​ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ​ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း​ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို​အချိန်​တွင် ကျွန်ုပ်​သည် ခရစ်တော်​ကို မယုံကြည်​သေး​သောကြောင့် ကျွန်ုပ်​ပြုသော​အမှု​သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား​သည် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 အ ထက် က ငါ သည် ပုတ် ခတ် သူ၊ ညှဉ်း ပန်း သူ၊ အ နာ တ ရ ပြု သူ ဖြစ် သော် လည်း၊ ယုံ ကြည် ခြင်း၊ နား လည် ခြင်း ကင်း လျက် ပြု မိ သည့် အ တွက် က ရု ဏာ တော် ကို ခံ ရ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:13
25 ပူးပေါင်းရင်းမြစ်များ  

မိမိ​သခင်​၏​အလို​ကို သိ​လျက် သခင်​အလို​ရှိသော​အရာ​ကို အသင့်​မပြင်ဆင်သော အစေခံ​သည် ရိုက်နှက်ခြင်း​ကို ပြင်းစွာ​ခံရ​လိမ့်မည်။


ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏​တရားလမ်း​ကို လိုက်သော​သူတို့​အား အသေသတ်သည်​အထိ ညှဉ်းပန်းနှိပ်စက်​လျက် အမျိုးသား အမျိုးသမီးတို့​ကို ဖမ်းဆီး​၍ ထောင်​ထဲသို့ ပို့ခဲ့၏။


ညီအစ်ကိုတို့… သင်တို့​၏​အာဏာပိုင်များ ပြုခဲ့ကြသည့်​နည်းတူ သင်တို့​သည် မသိ​နားမလည်ဘဲ​ပြုကြသည်​ကို ကျွန်ုပ်​သိပါ၏။


သို့သော် ရှောလု​သည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်​ကာ အမျိုးသား၊ အမျိုးသမီးများ​ကို ဆွဲထုတ်​၍ ထောင်​ထဲသို့​ပို့ခြင်း​ဖြင့် အသင်းတော်​ကို ဖျက်ဆီးလေ၏။


သို့ရာတွင် ရှောလု​သည် သခင်ဘုရား​၏​တပည့်တော်များ​ကို ခြိမ်းခြောက်​၍ သတ်ဖြတ်​ရန် စိတ်ပြင်းပြနေသေး၏။ သူ​သည် ယဇ်ပုရောဟိတ်မင်း​ထံ သွား​၍


သို့သော်လည်း အာနနိ​က “သခင်ဘုရား… ထို​သူ​သည် ဂျေရုဆလင်မြို့​တွင် ယုံကြည်သော​သူတို့​အား မည်မျှ​ဆိုးရွား​စွာ​ပြုခဲ့ကြောင်း​ကို လူ​အများ​ထံမှ အကျွန်ုပ်​ကြားသိရပါပြီ။


ရှောလု​ကလည်း “သခင်… ကိုယ်တော်​သည် မည်သူ​ဖြစ်ပါသနည်း” ဟု လျှောက်၏။ ထို​အသံရှင်​က “ငါ​သည် သင်​ညှဉ်းပန်းနှိပ်စက်နေသော​ယေရှု​ဖြစ်၏။


ကျွန်ုပ်​သည် တမန်တော်​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်​၏ အသင်းတော်​ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ​ဖြစ်​သောကြောင့် တမန်တော်​ဟု ပင် ခေါ်ဝေါ်ခြင်း​ကို မခံထိုက်ပါ။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


ယခင်​က ကျွန်ုပ်​သည် ဂျူးဘာသာဝင်​အဖြစ် နေထိုင်​အသက်ရှင်ခဲ့​စဉ်က ဘုရားသခင်​၏ အသင်းတော်​ကို ပြင်းထန်​စွာ ညှဉ်းဆဲ​ပြီး ဖျက်ဆီး​ရန် ကြိုးစားခဲ့သည်​ကို သင်တို့​ကြားသိကြ၏။


အသင်းတော်​ကို စိတ်အားထက်သန်​စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရား​ကို လိုက်နာ​၍ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရမည်​ဆိုလျှင် ကျွန်ုပ်​သည် အပြစ်ဆိုဖွယ်​မရှိသူ ဖြစ်၏။


သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ကရုဏာတော်​နှင့် ကျေးဇူးတော်​ကို ခံစား​လျက် လိုအပ်သည့်​အချိန်​၌ ကူညီမစတော်မူခြင်း​ခံရရန် ဘုရားသခင်​၏ ကျေးဇူးတော်​ရာဇပလ္လင်​သို့ ရဲရင့်​စွာ ချဉ်းကပ်ကြကုန်စို့။


တစ်ချိန်​က သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​မဟုတ်​သော်လည်း ယခု သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​ဖြစ်ကြပြီ။ တစ်ချိန်​က သင်တို့​သည် ကရုဏာတော်​ကို မခံစားရ​သော်လည်း ယခု​တွင် ကရုဏာတော်​ကို ခံစားကြရပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ