Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဖြောင့် မတ် ခြင်း ကို ဆာ ငတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဝ ပြော ရကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:6
29 ပူးပေါင်းရင်းမြစ်များ  

ဆာလောင်​မွတ်သိပ်သော​သူတို့​ကို ကောင်းမွန်​စွာ​ကျွေးမွေး​၍ ချမ်းသာကြွယ်ဝသော​သူတို့​ကို လက်ဗလာ​ဖြင့် ပြန်လွှတ်တော်မူ၏။


ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


ယခု ဝလင်​စွာ​စားရသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆာလောင်ငတ်မွတ်​ရမည့်​အချိန်​ကာလ ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ရယ်မောသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝမ်းနည်း​ငိုကြွေးရမည်​ဖြစ်သောကြောင့်​ပင်။


ငါ​ပေးသော​ရေ​ကို သောက်သောသူ​မှာ မည်သည့်​အခါမျှ ရေငတ်တော့မည်​မဟုတ်။ ထို​ရေ​သည် သူ့​အတွင်း​၌ အစဉ်​စီးထွက်သော စမ်းရေ​ဖြစ်​၍ သူ့​ကို ထာဝရ​အသက်ရှင်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


ပွဲတော်​၏ နောက်ဆုံး​နေ့​ဖြစ်သော ရက်မြတ်ကြီး​တွင် ယေရှု​သည် ရပ်တော်မူ​လျက် “ရေငတ်သော​သူ ရှိ​လျှင် ငါ့​ထံသို့​လာ​၍ သောက်လော့။


သူတို့​သည် နောက်တစ်ဖန် ဆာလောင်တော့မည်​မဟုတ်။ ရေငတ်တော့မည်​မဟုတ်။ နေရောင်ခြည်​နှင့် ပြင်းထန်သော​အပူဒဏ်​ကြောင့်လည်း ထိခိုက်မှု​ရှိတော့မည်​မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ