သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
မဿဲ 4:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။ Garrad Bible သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။- |
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ထိုတောကန္တာရတွင် ရက်ပေါင်းလေးဆယ်နေ၍ မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ ယေရှုသည် သားရဲတိရစ္ဆာန်များနှင့်အတူ ရှိတော်မူ၍ ကောင်းကင်တမန်များကလည်း ယေရှုကို လုပ်ကျွေးပြုစုကြ၏။
ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။
သင်တို့ပြောသကဲ့သို့ ငါသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်စေတော့။ စာတန်သည် မိမိကိုယ်မိမိဆန့်ကျင်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲလိမ့်မည်နည်း။
သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။
ထိုအခါ စာတန်မာရ်နတ်သည် တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ရှကာရုတ်ဟု ခေါ်သော ယုဒထဲသို့ ဝင်လေ၏။
ရှိမုန်… ရှိမုန်… ဂျုံကို ဆန်ကာနှင့်စစ်သကဲ့သို့ သင်တို့ကိုစစ်ချရန် စာတန်မာရ်နတ်သည် တောင်းဆိုလျက်ရှိ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
ယုဒသည် ထိုမုန့်ကို စားပြီးသောအခါ စာတန်သည် သူ၏စိတ်ထဲသို့ ဝင်လေ၏။ ထိုအခါ ယေရှုက “သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့” ဟု သူ့ကို မိန့်တော်မူ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ထို့နောက် ထိုသူ၏ ဗီဇစိတ်ကို ဖျက်ဆီးရန် သင်တို့သည် ထိုသူအား နှင်ထုတ်၍ စာတန်လက်သို့ အပ်ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် သူ၏ဝိညာဉ်သည် ကယ်တင်ခံရနိုင်မည်ဖြစ်၏။
လင်မယားဝတ်ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်တွင် အပြည့်အဝဆုတောင်းနိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့် သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယားဝတ်ကို ရှောင်လျှင် စာတန်သည် သင်တို့၏ မထိန်းချုပ်နိုင်ခြင်းအပေါ် အခွင့်ကောင်းယူ၍ သင်တို့ကို သွေးဆောင်မည်ကို စိုးရသောကြောင့် အချိန်စေ့လျှင် လင်မယားဝတ်ကို ပြန်၍ ပြုကြလော့။
၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။
ကျွန်ုပ်ရရှိသည့် ဗျာဒိတ်တော်မှာ အလွန်ထူးမြတ်သောကြောင့် မိမိကိုယ်ကိုယ် အထင်မကြီးမိစေရန် ကျွန်ုပ်၏ကိုယ်ခန္ဓာထဲ၌ ဆူးတစ်ခုကို ပေးတော်မူ၏။ ထိုဆူးမှာ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် အထင်မကြီးမိစေရန် ကျွန်ုပ်ကို ဒုက္ခပေးသည့် စာတန်၏ တမန်ဖြစ်၏။
သို့မှသာ စာတန်သည် ကျွန်ုပ်တို့အပေါ် အမြတ်ထုတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူ၏ မကောင်းသောအကြံအစည်များကို သိကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးသွားလိမ့်မည်။
သင်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေ၍ ထိုမာရ်နတ်ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းရှိ သင်တို့၏ညီအစ်ကိုမောင်နှမများသည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။