၁ ကော 5:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထို့နောက် ထိုသူ၏ ဗီဇစိတ်ကို ဖျက်ဆီးရန် သင်တို့သည် ထိုသူအား နှင်ထုတ်၍ စာတန်လက်သို့ အပ်ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် သူ၏ဝိညာဉ်သည် ကယ်တင်ခံရနိုင်မည်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible5 တရားစီရင်တော်မူရာနေ့၌ထိုသူ၏ ဝိညာဉ်သည်ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏ခန္ဓာကိုဖျက်ဆီးပစ်ရန်စာတန်၏ လက်သို့ပေးအပ်ကြလော့။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။