Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သို့သော် ယေရှု​သည် ပေတရု​ထံသို့ မျက်နှာမူ​လျက် “အို စာတန်… ငါ့​အနား​မှ ထွက်သွားလော့။ သင်​သည်​ငါ့​အတွက် ဆူးငြောင့်ခလုတ်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင်​၏​ရှုထောင့်​မှ မတွေးဘဲ လူ့​ရှုထောင့်​ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် သည် လှည့်၍ အ ချင်း စာ တန်၊ ဆုတ် သွား လော့။ သင် သည် ငါ နှင့် တိုက် လဲ ရန် အ ကြောင်း ဖြစ်၏။ ဘု ရား သ ခင့် ဆိုင် ရာ များ ကို သင် ဂ ရု မ ပြု၊ လူ့ ဆိုင် ရာ များ ကို သာ ဂ ရု ပြု သည် ဟု ပေ တ ရု အား မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:23
19 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။


ဤ​လောက​၌ အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​ရှိ၏။ လောကီသားတို့​သည်လည်း ထို​ဖြားယောင်း​သွေးဆောင်ရာ​သို့ လိုက်ပါ​သောကြောင့် အမင်္ဂလာ​ရှိကြ၏။ ဖြားယောင်း​သွေးဆောင်ခြင်းတို့​သည် ရှောင်လွှဲမရသော​အရာများ​ဖြစ်၏။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။


ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


ယေရှု​က တပည့်တော်တို့​ကို လှည့်​၍ ကြည့်တော်မူ​လျက် ပေတရု​အား “အို စာတန်… ငါ့​အနား​မှ ထွက်သွားလော့။ သင်​သည် ဘုရားသခင်​၏​ရှုထောင့်​မှ မတွေးဘဲ လူ့​ရှုထောင့်​ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။


ယေရှု​ကလည်း “ကျမ်းစာ​၌ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “သင်တို့ ဆယ့်နှစ်ဦး​ကို ငါ​ရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့​အနက် တစ်ဦး​သည် မာရ်နတ်​ဖြစ်၏” ဟု မိန့်တော်မူ၏။


ထို့ကြောင့် အချင်းချင်း အပြစ်​မတင်ဘဲ နေကြပါစို့။ အပြစ်​တင်မည့်​အစား အခြား​ယုံကြည်သောသူ​တစ်ယောက်​အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ​၍ လဲစရာ​မဖြစ်​စေရန် ဆင်ခြင်ကြပါစို့။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ထိုသူတို့​၏ နိဂုံး​သည် ပျက်စီးခြင်း ဖြစ်၏။ သူတို့​၏ ဘုရား​သည် သူတို့​၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့​ပြုသော ရှက်ဖွယ်​အရာ​ကို ဂုဏ်ယူ​ဝင့်ကြွားကြ၏။ သူတို့​သည် လောကီရေးရာ​ကိုသာ စွဲလမ်းကြ၏။


မြေကြီး​ပေါ်​တွင် ရှိသော အရာများ​ကို မစွဲလမ်း​ဘဲ အထက်​အရပ်​၌ ရှိသော အရာများ​ကိုသာ စွဲလမ်းကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ