Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခု​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ​မြင်​ရ​သည့်​အံ့​သြ​ဖွယ်​ရူ​ပါ​ရုံ​များ ကြောင့်​ငါ့​ကိုယ်​ကို​အ​ထင်​မ​ကြီး​စေ​ရန်​ငါ သည်​မိ​မိ​ကိုယ်​ခန္ဓာ​တွင်​နာ​ကျင်​သော ဝေ​ဒ​နာ​ကို​ခံ​စား​နေ​ရ​၏။ ထို​ဝေ​ဒ​နာ သည်​စာ​တန်​၏​စေ​တ​မန်​သ​ဖွယ်​ငါ့​ကို ဒဏ်​ခတ်​၍​ငါ​၏​မာန်​မာ​န​ကို​ချိုး​နှိမ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို လွန် ကဲ စွာ ဗျာ ဒိတ် တော် များ အ ကြောင်း ကြောင့် စိတ် နေ မြင့် ရာ ငါ ရောက် မည် စိုး၍ ငါ့ ကို နှိမ် နှင်း ခြင်း ငှာ စာ တန်၏ စေ တ မန် သ ဖွယ် ကိုယ် ခ န္ဓာ၌ လျှို သော တံ ကျင် ကို ပေး ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​ခံရ​သော​ဗျာဒိတ်​တော်​သည် အလွန်​ထူးမြတ်​သောကြောင့် ငါ​မ​ထောင်လွှား​စေရန် ငါ​၏​ကိုယ်ကာယ​ထဲ၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်လွှား​စေရန် ငါ့​ကို​ထိုးနှက်​သည့် စာတန်​၏​စေတမန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:7
25 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူတို့​သည် ယေရှု​၏ မျက်နှာတော်​ကို တံတွေး​နှင့် ထွေး​၍ လက်သီး​ဖြင့် ထိုးနှက်ကြ၏။ တချို့​ကလည်း ယေရှု​ကို ရိုက်ပုတ်​လျက်


ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။ ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။


သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်​ပတ်လုံး နတ်ဆိုး​၏​ချည်နှောင်ထားခြင်း​ခံရသည့် အာဗြဟံ​၏​မျိုးဆက်​ဖြစ်သော ဤ​အမျိုးသမီး​သည် ဥပုသ်နေ့​တွင် လွတ်ခွင့်​မရသင့်​သလော” ဟု မိန့်တော်မူ၏။


ယခု​အချိန်​တိုင်အောင် ကျွန်ုပ်တို့​သည် အစာရေစာ​ငတ်ပြတ်​လျက်​ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်​ထိုးနှက်ခြင်း​ကို ခံရကြ၏။ အိမ်ခြေရာခြေ​မဲ့ လှည့်လည်​သွားလာကြရ၏။


ထို့နောက် ထို​သူ​၏ ဗီဇစိတ်​ကို ဖျက်ဆီး​ရန် သင်တို့​သည် ထို​သူ​အား နှင်ထုတ်​၍ စာတန်​လက်​သို့ အပ်​ရမည်။ သို့မှသာ သခင်ဘုရား ပြန်လည်​ကြွလာမည့်​နေ့​တွင် သူ​၏​ဝိညာဉ်​သည် ကယ်တင်ခံရ​နိုင်မည်​ဖြစ်၏။


တချို့​က “ပေါလု​၏ စာများ​သည် ဩဇာပါ​၍ အထင်ကြီးဖွယ်​ဖြစ်​သော်လည်း လူချင်းတွေ့​လျှင် သူ​သည် သတ္တိ​နည်း​၍ အဟောအပြော​လည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​အား သိကျွမ်းသည့်​ဉာဏ်ပညာ​ကို ဆန့်ကျင်သော​မာန်မာန​တိုင်း​ကို ဖြိုဖျက်​၍ လူ့​အတွေးအခေါ်​တိုင်း​ကို ချုပ်နှောင်​ကာ ခရစ်တော်​၏​စကား​ကို နာခံစေကြ၏။


တစ်စုံတစ်ယောက်​က သင်တို့​ကို ကျွန်ခံစေသည်​ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်​ဖြစ်စေ၊ အခွင့်ကောင်းယူသည်​ဖြစ်စေ၊ အထင်သေးသည်​ဖြစ်စေ၊ ပါးရိုက်သည်​ဖြစ်စေ သင်တို့​သည် သည်းခံကြ၏။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


ပထမ​အကြိမ် သင်တို့​အား သတင်းကောင်း​ကို ဟောပြောခဲ့ခြင်း​မှာ ကျွန်ုပ် မကျန်းမာ​သောကြောင့်​ဖြစ်သည်​ကို သင်တို့​သိကြ၏။


သူ​သည် ယေရှု​ကို ယုံကြည်​ခါစ​လူ မဖြစ်ရ။ ထိုသို့​မဟုတ်​ပါက သူ​သည် ဘဝင်မြင့်​လျက် မာရ်နတ်​ခံရသည့်​ပြစ်ဒဏ်​အတိုင်း ခံရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ