မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
မဿဲ 16:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။ Garrad Bible ဤ တွင် ရပ် နေ သူ အ ချို့ သည် နိုင် ငံ တော် ၌ ကြွ လာ တော် မူ သော လူ သား ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။ |
မြို့တစ်မြို့တွင် သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ အခြားတစ်မြို့သို့ ပြေးကြလော့။ သင်တို့အား ငါအမှန်ဆို၏။ အစ္စရေးမြို့များကို သင်တို့နှံ့စပ်အောင်မရောက်မီ လူသားသည် ကြွလာလိမ့်မည်။
ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပုနယ်သို့ ရောက်သောအခါ တပည့်တော်တို့အား “လူတို့သည် လူသားကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
သူသည် ထာဝရဘုရား၏ခရစ်တော်ကို ကိုယ်တိုင်မတွေ့မမြင်ရဘဲ မသေရဟူ၍ သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြထားခြင်းကို ခံရသူဖြစ်၏။
ငါအမှန်ဆိုရလျှင် ဤနေရာ၌ ရပ်နေကြသောသူ တချို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။
ထိုသူတို့က “အို ဂါလိလဲပြည်သားတို့… သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့ မျှော်ကြည့်လျက် ရပ်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသော ထိုယေရှုသည် ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်ကို သင်တို့မြင်ကြရသည့်နည်းတူ ပြန်၍ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။
သို့သော် ထမြောက်ခြင်းတွင် အလှည့်ကျရှိမည်ဖြစ်ပြီး ခရစ်တော်သည် အဦးဆုံးရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ညီအစ်ကိုမောင်နှမတို့… သခင်ဘုရားကြွလာတော်မူသည်အထိ စိတ်ရှည်သည်းခံကြလော့။ လယ်သမားကို ကြည့်လော့။ သူသည် လယ်၏ အဖိုးတန်ထွက်ကုန်များကို မိုးဦးနှင့် မိုးနှောင်း ရွာသည်အထိ စိတ်ရှည်စွာ စောင့်မျှော်တတ်၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။
သားသမီးတို့… ကိုယ်တော်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့သည် ရှေ့တော်၌ ရှက်ကြောက်နေစရာမလိုဘဲ စိတ်ချယုံကြည်မှုရှိနိုင်ရန်အတွက် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။